အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်ကိုဗစ်ကာကွယ်ရေအတွက် နေ့/ညလှည့်ကင်းများဆောင်ရွက်မည်ဖြစ်သလို ဧည့်စာရင်းလည်းစစ်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4k

အောင်ဇံ

နိရဉ္စရာ၊ ဩဂုတ်၅/၂၀၂၁

 

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်ကိုဗစ်ကာကွယ်ရေးအတွက် နေ့/ညလှည့်ကင်းများ ဆောင်ရွက်မည် ဖြစ်သလို  ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ (၅-၈-၂၀၂၁)  ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးခန်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ပုံမှန်ညှိနိုင်းဆွေးနွေးပွဲ (၁၇/၂၀၂၁)၌ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ခု ချမှတ်ခဲ့ပြီး ၎င်း ၅ချက်ထဲတွင် နေ့/ လှည့်ကင်းများ ဆောင်ရွက်ရန်နှင့် ဧည့်စာရင်းစစ်မည့် ဆုံးဖြတ်ချက်နှစ်ရပ်ပါဝင်သည်။

 

၎င်းဆုံးဖြတ်ချက် (၂) ရပ်မှာ......

 

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြို့နယ်များအလိုက် နေ့/ လှည့်ကင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လ၀က၊ နယ်မြေခံ တပ်ရင်းနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သွားရန်နှင့်  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လ၀က၊ နယ်မြေခံ တပ်ရင်း၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်သွားရန် တို့ဖြစ်သည်။

 

၎င်းကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များအားလုံးက  ဆောင်ရွက်မည်ဟု ဖော်ပြသည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ  ဥပဒေချုပ် းလှသိန်းအား နိရဉ္စရာသတင်းမှ ဆက်သွယ်မေးမြန်းရာ ၎င်းဆုံးဖြတ်ချက်များမှာ မှန်ကန်ကြောင်းအတည်ပြု ပြောဆိုသည်။

 

ဦးလှသိန်းက ''ဘယ်နေ့ စလုပ်မယ်ဆိုတာကိုတော့ အသေးစိတ်မပြောတတ်ဘူး။ အဲဒီစာထဲမှာ လုပ်ရမဲ့ အဖွဲ့တွေပါတယ်။ သူတို့ အစီစဥ်အတိုင်း လုပ်ကြလိမ့်မယ်။ ပြည်နယ်ရဲမှူး နဲ့ လုံခြုံရေး အဖွဲ့တွေ လုပ်ကြမှာ၊ အစည်းအဝေးမှာ ဒီဟာတွေ လုပ်သင့်တယ်လို့ တင်ပြလာတယ်။ လုပ်လည်း လုပ်သင့်လို့ လုပ်ဖို့ဆုံးဖြတ်တယ်'' ဟု ပြောသည်။

 

ဧည့်စာရင်း စစ်ဆေးခြင်းများကိုလည်း တင်ပြလာကြသဖြင့် လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

 

''ဧည့်စာရင်း ကလည်း အဲ့လိုပဲ ။ လုပ်ဖို့လိုအပ်တယ်တင်ပြကြလို့။ လုပ်မယ့်ဟာကတော့ လုပ်ဖို့ညွှန်ကြားထားတဲ့  လူတွေ လုပ်ကြမယ်။ အဲဒီ ထုတ်ပြန်ထားတဲ့ အတိုင်း ရေးလို့ရတယ်။ ငါတို့က အမြဲမဖြေနေနိုင်ဘူး။ အစည်းအဝေးက ဒီနေ့လုပ်တာ။ ဒီနေ့တင်ပြကြတာကိုဆုံးဖြတ်တာ'' ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ