သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်း အင်းဒင်ပဲရုံကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

နိရဉ္စရာ၊ နိုဝင်ဘာ၂၈/၂၀၂၁
မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင် ပဲရုံကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ တစ်ဦးပျောက်ဆုံးနေသည်မှာ လေးရက်ခန့်ရှိနေပြီဖြစ်သဖြင့် အထူးစိုးရိမ်နေကြောင်း မိခင်ဖြစ်သူ ဒေါ်နီနီဝင်းက ပြောကြားသည်။
“ ပျောက်သွားတာက ကြာသပတေးနေ့ကတည်းက ပျောက်နေတာပါ။ ဒီနေ့ဆိုရင် လေးရက်ရှိပါပြီ။ ရှာလို့လည်း မရသလို ဆက်သွယ်လို့ မရတဲ့အတွက် သတင်းဌာနကို အကူအညီတောင်းတာပါ။ ကျေးဇူးပြုပြီး ကျွန်မသမီးကို ဆက်သွယ်ရအောင် ကူညီပေးစေချင်ပါတယ်” ဟု သူမက ပြောသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးမှာ မဇင်မာသူဖြစ်ပြီး အင်းဒင် အထက်တန်းကျောင်းတွင် ဒဿမတန်းကို တက်ရောက် သင်ကြားနေသူ ဖြစ်ကြောင်း၊ အဘွားဖြစ်သူနှင့် အတူနေစဉ် အိမ်မှ ထွက်ခွာသွားပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ပျောက်သွားတဲ့ နောက်တစ်နေ့ ဖုန်းဆက်သွယ်ရခဲ့ပါသေးတယ်။ ကျောက်တော်ဘက်ကို ရောက်နေတယ်လို့ ပြောပါတယ်။ ပြောနေရင်း ဗမာစကားနဲ့ တစ်ယောက် ဖုန်းထဲက ဝင်ပြောပါတယ်။ ကျွန်မသမီးနဲ့ စကားပြောချင်တယ်ဆိုတော့ မရလိုက်တော့ဘူး။ ဖုန်းချသွားတယ်။ ဒီကနေ့ ဖုန်းဆက်ခေါ်တာ မရတော့ဘူး။ ကျွန်မတို့ သမီးတစ်ခုခု ဖြစ်မှာကို အရမ်းစိုးရိမ်နေပါတယ်။ အခု လူကုန်ကူးသူတွေရဲ့ လက်ထဲ ရောက်သွားမှာကို အရမ်းစိုးရိမ်နေရပါတယ်” ဟု ပြောဆိုသည်။
သူမအားတွေ့ရှိသူများအနေဖြင့် (ဘ) ဦခင်မောင်(ခ) ဦးမောင်ထွေးနှင့် (မိ) ဒေါ်နီနီဝင်းတို့ထံသို့ ဖုန်း ၀၉၂၆၄၅၉၄၉၄၆ မှ တစ်ဆင့် အကြောင်းကြားပေးနိုင်သည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ