အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စစ်တွေတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.1k

ဇော်ဝင်းအောင်၊ သဉ္ဇာနွယ်

နိရဥ္စရာ၊ ဒီဇင်ဘာ ၁ / ၂ဝ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည်နှင့် ကွန်ဒုံးများကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV/AIDS) တိုက်ဖျက်ရေးနေ့ဖြစ်သည်။

အဆိုပါနေ့ကို ရခိုင်ပြည်နယ် ခုခံအားကျဆင်းမှုနှင့် ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်ပြီး ကြက်ခြေနီအဖွဲ့နှင့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းနှင့် အတူ ပူးပေါင်းကျင်းပခဲ့သည်။

 ယနေ့နံနက် ၁ဝ နာရီခန့်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးဝင်ဝ၌ နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည်နှင့် ကွန်ဒုံးများကို လူမှုရေး လှုပ်ရှား တက်ကြွသူများက အခမဲ့ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

 ယခုနှစ် (HIV/AIDS)ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ အားလုံးပါဝင်ဆောင်ရွက်လို့ အေအိုင်ဒီအက်စ်ကပ်ရောဂါ အဆုံးသတ်စို့ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ