စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

"မယူဒေသသံဃသမဂ္ဂ"မှ သက်အမျိုးသားနေ့သို့ အလှူငွေ ၃၃ သိန်းကျပ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

နိရဉ္စရာ၊ မေ ၂/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မယူကမ်းဒေသရှိ ရဟန်းတော်များဖြင့် ဖွဲ့စည်းထားသည့် "မယူဒေသသံဃသမဂ္ဂ"မှ သက်အမျိုးသားနေ့သို့ အလှူငွေ ၃၃ သိန်းကျပ် လှူဒါန်းခဲ့သည်ဟု အဆိုပါ သံဃသမဂ္ဂ ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပထမအကြိမ်မြောက် သက်အမျိုးသားနေ့ကို မေ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာမှာ ကျင်းပခဲ့ရာ ၎င်းအခမ်းအနားသို့ ဖိတ်ကြားခံရသော "မယူဒေသသံဃသမဂ္ဂအဖွဲ့"မှ အဖွဲ့ဝင် သံဃာ ၉ ပါး တက်ရောက်ခဲ့ပြီး သက်အမျိုးနေ့ ဖြစ်မြောက်ရေးအတွက် အလှူငွေ ၃၃ သိန်းကျပ်ကို ထည့်ဝင်လှူဒါန်းခဲ့သည်။
“ သက်လူမျိုးများသည် ရခိုင်သမိုင်းဦးကာလမှ စပြီး သွေးချင်းများ ဖြစ်သောကြောင့် သက်အမျိုးသားများသည် ကမ္ဘာတည်သရွှေ့ တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် အလို့ငှာ လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် မိမိတို့ မယူဒေသသံဃသမဂ္ဂအဖွဲ့မှ တမျိုးသားလုံးကိုယ်စား သက်အမျိုးသား နေ့ကို ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆို ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း” "မယူဒေသသံဃသမဂ္ဂ" ပြန်ကြားရေး အဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ