ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စနဲ့မြို့ရှိ စေတီတစ်ဆူ မိုးကြိုးထိမှန်၍ ထီးတော်မြေခသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 870

နိရဉ္စရာ၊ မေ ၁၀/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက် မြို့မ ကျောင်းတော်ရှိ ရှေ့ဟောင်း စေတီတစ်ဆူမှာ မေလ ၈ ရက်နေ့ ညနေ ၅နာရီကျော်အချိန်ခန့်တွင် မိုးကြိုး ထိမှန်ကာ ထီးတော်မြေခသွားသည်ဟု သိရသည်။
မိုးကြိုးထိမှန်ခဲ့သဖြင့် စေတီ၏ထီးတော် (ကျောက်ထီး)မှာ အနောက် မြောက်ဖက်သို့ ကျိုးကျကာ မြေခသွားခဲ့သည်ဟု တောင်ငူစုရပ်ကွက် မှ ကိုဆန်းမောင်ကပြောသည်။
" မေ ၈ ရက်က ကျွန်တော်တို့မြို့မှာ မိုးနဲ့လေ တိုက်တယ် ။ မိုးကြိုးလည်း ပစ်တယ်။ မိုးစဲလို့ လူတွေအပြင်သွားလာ ကြတော့ စေတီကျိုးနေတာကို မြင်ကြတာ။ မိုးကြိုးထိမှန်သွားတာလို့ လူအများက ပြောကြတယ်။ကျွန်တော်တို့မှာ တင်ထားတဲ့ထီးတော်က အင်္ဂတေထီး။ကျောက်ထီးလို့ ခေါ်ဖို့ပေါ့။"ဟု ပြောသည်။
အဆိုပါစေတီကို တည်ထားကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ခန့်ရှိပြီဟုလည်း သိရသည်။ ( NN-11)
(Photo- Sane Mg)

ဆက်စပ် သတင်းများ