ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရာသီဥတုကြောင့်ခရီးသည်အသွားအလာနည်း၍ စစ်တွေစျေးကြီးဖောင်တော်ဆိပ်ရှိ ကူးတို့ သမ္ဗာန်သမားများ စားဝတ်နေရေးအဆင်မပြေဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ သြဂုတ် ၂၁၊ ၂၀၂၂

ရခိုင်ပြည်၊ စစ်တွေမြို့ စျေးကြီးဖောင်တော်ဆိပ်ရှိ သဗ္ဗာန်သမာများမှာ ရာသီဥတုအခြေအနေကြောင့် ခရီးသည်များ အသွားအလာနည်း၍ မိသားစုများ စားဝတ်နေရေး အဆင်မပြေဖြစ်နေချိန်တွင် တစ်ဘက်တွင်လည်း စက်သုံးဆီစျေးနှုန်းလည်း မြင့်တက်လာသဖြင့် လုပ်ကိုင်စားသောက်ရသည်မှာ အခက်ခဲများဖြင့် ကြုံတွေ့နေရသည်ဟု သမ္ဗာန်သမားများက ပြောသည်။

သဗ္ဗာန်မောင်းသမားတစ်ဦးဖြစ်သည့် ဦးအောင်စံသိန်းက "တစ်နေ့ဝင်ငွေက ပုံမှန်မရှိပါဘူး။ ၅ထောင်။ ၁သောင်း။ ၁သောင်းခွဲရတဲ့နေ့တွေလည်းရှိပါတယ်။ အခုတော့ မိုးရာသီဆိုတော့ နယ်က ခရီးသည်တွေ အသွားအလာနည်းတော့ အဆင်မပြေဘူ လိုင်းဘုတ်တွေလည်း မလာဘူး။ လေတိုက်ပြီး လှိုင်းထန်တဲ့နေ့ဆို နယ်က ခရီးသည်တင်လိုင်းဘုတ်တွေ မလာရင် ဒီအတိုင်း ပိုက်ဆံ သုံးလေးထောင်နဲ့ အိမ်ပြန်ရတဲ့ နေ့တွေရှိတယ်။ အခုက မိသားစု စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူးဟု ပြောသည်။

စစ်တွေမြို့ စျေးကြီးဖောင်တော်ဆိပ်တွင် သဗ္ဗာန်သမားအပါအဝင် ဝန်တင်ဝန်ချ လုပ်နေသူ လူပေါင်း ၂၀၀ ခန့်ရှိပြီး ၎င်းတို့ကို မှီခိုပြီး စားသောက်နေထိုင်သူ မိသားစုအဖွဲ့ဝင် လူပေါင်း တစ်ထောင်ခန့် ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။ 

အခုက စက်ီ ၁လီတာကို ၂၅၀၀။ ၂လီတာဆိုရင် ၅၀၀၀။ တစ်နေ့ဝင်ငွေ လေးငါးထောင်၊  တစ်သောင်းရရင်တောင်မှ ၅ထောင်ပဲကျန်ပြီ။ အရင်းမရတဲ့နေဆို ိမ်ကမိသားစုတွေ ထမင်းငတ်ပြီ။ အထူးအခက်အခဲဖြစ်နေကြတယ်။ ခုလို မုန်တိုင်းရှိတဲ့ နေဆိုရင် နယ်က ဘယ်လိုင်းဘုတ်မှ စစ်တွေကို မလာနိုင်သလို သဗ္ဗာန်သမာတွေလည်း လှိုင်းကြီးတော့ မထွက်နိုင်ဘူး။ ဒါဆိုရင် ချေးငှားလို့ ရရင်ရ၊ မရရင် ငတ်ပြီ  " ဟု ၎င်းက ပြောသည်။

ယခုလို သဗ္ဗာန်ကူးတို့ သမားများ အခက်အခဲတွေ့နေသော်လည်း လက်ရှိ ပြည်နယ်ကောင်စီက တစ်စုံတစ်ရာ ကူညီ ထောက်ပံ့ပေးခြင်းမရှိသလို လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း သူတို့၏ အခက်အခဲများကို မသိကြ၍ ကူညီထောက်ပံ့မှုမရှိဟု တခြား သဗ္ဗာန်သမာတစ်ဦးဖြစ်သူ ဦးလှကျော်က ပြောသည်။  

ဆီစျေးတွေတက်တယ်။ ဒါပေမယ့် လိုင်းဘုတ်ခရီးသည်တစ်ယောက်ကို ၅၀၀ ကျပ်ဘဲ ရပါတယ်။ တစ်ကြောင်းကိုပါ။ ိုင်းဘုတ်များရောက်ရှိလာရင်  ခရီးသည်တွေကို လိုင်းဘုတ်တွေကို အကြိုအပို အလုပ်ပါ။  စစ်တွေဖောင်တော်ဆိပ်ကမ်းဆီသို့ အကြိုအပို့ သွားလုပ်ကြသူတွေပါ။ အခုတော့ မုန်တိုင်းရှိလို့ အလုပ်မထွက်နိုင်ကြတော့ အခက်အခဲဖြစ်နေကြရပါတယ်ဟု ပြောဆိုသည်။

လက်ရှိတွင် သဗ္ဗာန်သမာအများစုသည် ဆတ်ရိုးကျမှဖြစ်ကြပြီး စစ်တွေ စျေးဖောင်တော်ဆိပ်ကမ်းနှင့် အသစ်တည်ဆောက်ထားသည့် ကိုရီးယားဆိပ်ကမ်းတွင် သမ္ဗာန်များဖြင့် ခရီးသည်တင်ဘုတ်များတွင် လူအတင်အချ အလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ