ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင်ထောင်ကျနေသူကျောက်ဖြူဒေသခံ ၄ ဦး ICRC မှတဆင့် မိသားစုသို့ဆက်သွယ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

နိရဥ္စရာ၊ ဩဂုတ် ၂/၂၀၂၂

ဘင်္ဂလားဒေ့ရှ် ထောင်ထဲတွင် ထိန်းသိမ်းခံထားရသူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄ ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross, ICRC) မှတဆင့် မိသားစုသို့ ဆက်သွယ်လာခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ကျောက်ဖြူမြို့ ကပိုင်ချောင်းကျေးရွာက ဦးမောင်ရွှေဦး (၄၂ နှစ်)၊ ဦးဇော်ဝင်ဦး(၃၇ နှစ်)၊ ဦးပြည့်ဖြိုးအောင်(၃၇ နှစ်)၊ ကိုမောင်နီ (၁၉ နှစ်)တို ဖြစ်ကြသည်။

၎င်းတို့သည့် ဘင်္ဂလားဘက်သို့ သွားရောက်ကုန်သွယ်ရာတွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲ ရောက်နေသဖြင့်  မိသားစုများနှင့် အဆက်အသွယ် ရရှိရန် ICRC မှတဆင့် ဆောင်ရွက်လာသဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုများထံ အကြောင်း ကြားပေးခဲ့သည်ဟု ကျောက်ဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်အေးသန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ICRC ကို ထောင်ကျနေတဲ့သူတွေဆီက စာရေးပေးလိုက်တာပေါ့။ ကျွန်တော်တို့ကြက်ခြေနီမှာ ကဏ္ဍတွေအများကြီးရှိပါတယ်။ မိသားစုဆက်သွယ်ရေး ကဏ္ဍ၊ သဘာဝဘေးအန္တရာယ်ကဏ္ဍ၊ ကဏ္ဍတွေအမျိုးမျိုးရှိပါတယ်။ ကျွန်တော်ကမြို့နယ်တပ်ဖွဲ့မှူးဆိုတော အဲ့ဒီစာတွေ ကျွန်တော်ဆီကို ရောက်လာတာပေါ့။ အဲဒီတော့ သူတို့မိသားစုကို လက်ရှိသူတို့ဘင်္ဂလားမှ ထောင်ကျလို့ရှိနေတယ်။ သူတို့ဆီက ပို့ပေးလာတဲ့ စာတွေကို သွားပေးလိုက်ပါတယ်" ဟုပြောသည်။

အဆိုပါ ၄ဦး၏ မိသားစုဝင်များနှင့် ဩဂုတ်လ ၂၆ရက်နေ့ ည ၇နာရီခန့်က သွားရောက် ဆက်သွယ်ပေးခဲ့ပြီး  ၎င်းတို့ ၄ ဦး မ်းဆီးခံရသည်မှာအချိန်အားဖြင့် ၇လ၈လခန့်  ကြာမြင့်နေပြီဟု သိရသည်။

" သူတို့ ဘင်္ဂလားဒေ့ရှ်ကို စက်လှေနဲ့ သွားတဲ့အချိန်မှာ အဖမ်းခံရတာပါ။  သူတို့ဘာလုပ်လို့ အဖမ်းခံရတာတော့ မသိရပါဘူး။ စက်လှေဆိုက်တဲ့အချိန်မှာ သူတို့ကို  ဥပဒေနဲ မညီလို့ ဘင်္ဂလာရဲက  ဖမ်းလိုက်တာ ထင်ပါတယ်။ အသေအချာတော့ မသိပါဘူး" ဟုပြောသည်။

ကျောက်ဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မိသားစုများနှင်ဆက်သွယ်ပေးခဲ့မှုအပေါ်  ဓါတ်ပုံ ဖုန်းနံပါတ် အထောက်အထားများကို ရန်ကုန်ကြက်ခြေနီ ရုံးချုပ်ကို ပေးပို့ရမည်ဖြစ်ပြီး၊ ရန်ကုန်ရုံးချုပ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ရှိ ၎င်းလူများထံသို့ ၎င်းအထောက်အထားများကို ဆက်လက်ပို့ပေးရမည်ဟုသိရသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်ထောင်များသို့ သွားရောက်စစ်ဆေးစဉ် ၎င်း ကျောက်ဖြူဒေသခံ ၄ ဦးကို တွေ့ရှိခဲ့သဖြင့် မိသားစုများနှင့် ဆက်သွယ်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ