ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးမှာ မွေးရာပါစအိုပေါက်မပါ၍ အရေးပေါ်ခွဲစိတ်ကုသရန် အကူညီလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 852

နိရဥ္စရာ၊ ဇန်နဝါရီ ၂/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာက ခမီတိုင်းရင်းသား ကိုလှမောင်နှင့် မစန္ဒာတို့၏ သားဖြစ်သူ အသက် ၂နှစ်ကျော်အရွယ် မောင်ထက်မြတ်အောင်မှာ မွေးရာပါစအိုပေါက်မပါ၍ အရေးပေါ်ခွဲစိတ်ကုသရန်အကူညီလိုအပ်နေသည်ဟု သိရသည်။

မောင်ထက်မြတ်အောင်မှာ မွေးရာပါစအိုပေါက်မပါသည့်အတွက်ကြောင့် အစာအိမ်ဟောင်းအူမကို အပြင်သို့ထုတ်ထားရသည်မှာ မွေးကတည်းကနေ ၂နှစ်ကျော်အရွယ် ယနေ့အချိန်ထိဖြစ်သည်ဟု ကလေး၏ ဖခင်ဖြစ်သူ ကိုလှမောင်က နိရဥ္စရာကို ပြောသည်။

မွေးကတည်းကနေ စအိုမပါတဲ့အတွက် အူမကိုအပြင်ကိုထုတ်ထားရပါတယ်။ ဒီလို အူမကိုအပြင်ကိုထုတ်ထားရတဲ့အတွက် ကလေးကိုတစ်ယောက်တည်းထားလို့လည်းမရဘူး။ အနားမှာ ကလေးထိန်းပေးမယ့်သူတစ်ယောက်က အမြဲနေရတယ်။ အူမမှာစွပ်ထားတဲ့အိတ်ကို ၁ရက်တစ်ကြိမ်၊ တစ်ရက်တစ်မွန်းတည်း နေရင်တစ်ကြိမ်လှဲပေးရပါတယ်။ လှဲတဲ့အခါ ရေနွေးနဲ့ သေချာသန့်ရှင်း ပေးရပါတယ်။ ဘေးနားမှာ ပလာစတာကပ်ထားတာက ရေစိုလို့ကွာသွားရင် မစင်တွေက အပြင်ကို ထွက်သွားပါတယ်။ ဒါတွေကို ကျွန်တော်တို့က အမြဲတမ်းသန့်ရှင်းရေးလုပ်ပေးနေရပါတယ် ဟုပြောသည်။

အဆိုပါကလေးငယ်၏ အစာအိမ်ဟောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ထုတ်ထားရပြီး လက်ရှိ စအိုပေါက်ကို ခွဲစိတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ည်ဟုသိရသည်။

ရန်ကုန်မြို့တွင် အဆိုပါကလေး၏ မိဘနှစ်ပါးမှာ သူတို့၏သားဖြစ်သူ စအိုပေါက်ကို ခွဲစိတ် ကုသပေးနိုင်ရန် မိမိနေအိမ်ခြံကိုရောင်းကာ ပြီးခဲ့သည့်  ဇန်နဝါရီလ ၃ရက်နေ့က ဘူးသီးတောင်မြို့နယ်မှ ထွက်လာခဲ့သည်မှာ ၁၇ရက်တာ ကြာလာခဲ့ပြီဖြစ်ပြီး၊  ခွဲစိတ်ပေးမည့် ငွေကြေးလုံလုံလောက်လောက် မတတ်နိုင်သည့်အတွက်ကြောင့် ယနေ့အထိ ခွဲစိတ်ရန် မဖြစ်နိုင်သေးဟု  ၎င်းကဆက်ပြောသည်။


ပထမပြတဲ့ပါရဂူဆရာမ တစ်ယောက်နဲ့ပြတော အဲ့ဒီဆရာမက ကိုယ်ဝန်ဆောင်ထားရတော့ ၄လပိုင်းမှ ခွဲစိတ်ပေးလို့မယ်ပြောတယ်။ ကျွန်တော်တို့က ရွာကအိမ်ကို ရောင်းပြီးလာရတာ ဒီပိုက်ဆံနဲ့ ၄လပိုင်းထိ နေဖို့ဆိုတာလဲ ပိုက်ဆံမတတ်နိုင်ဘူး။ မစောင့်နိုင်တော့ တခြားခွဲစိတ်ဆရာဝန်တွေဆီမှာ ပြကြည့်တယ်။ အဆင်မပြေဘူး။ နောက်တော့ မိုးကောင်းဆေးရုံက ခွဲစိတ်ဆရာဝန် တစ်ယောက်ကတာဝန်ယူပါတယ်။ အနည်းဆုံး မကုန်ဘူးဆိုရင်တောင် သိန်း ၆၀လောက် ကုန်ကျမယ်လို့ပြောပါတယ်။ အဲ့လောက် ပိုက်ဆံမတတ်နိုင်လို့ အခုချိန်ထိမခွဲစိတ်ရသေးဘူး"ဟုပြောသည်။

မောင်ထက်မြတ်အောင်တို့ မိဘဖြစ်သူမှာ မိမိတို့ရွာတွင် ဟင်းသီးဟင်းရွက် ရောင်းဝယ်စားကြသည် ဟုသိရသည်။

လက်ရှိတွင် မောင်ထက်မြတ်အောင် နှင့်အတူ မိဖ ၂ ပါးမှာ ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ ပညာမဥ္ဇူ ဘုန်းကြီးကျောင်းတွင် တည်းခိုနေကြသည် ဟုသိရသည်။

ယခုအခက်အခက်နှင့် ပတ်သတ်ပြီး ၊ စေတနာရှင်များအနေများအနေဖြင့် အကူညီပေးလိုပါက မောင်ထက်မြတ်အောင်၏ ဖခင် ကိုလှမောင် (ဖုန်း ၀၉ ၄၅၆ ၃၈၅ ၀၃၉) ၊ ကိုသန်းဌေး Kaypay/ Wavepay ၀၉ ၄၂၁ ၀၉၀ ၉၄၄ တို့ကိုဆက်သွယ် ကူညီပေးနိုင်သည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ