သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့တည်နှစ် (၁၉၇) နှစ် ပြည့်အထိမ်းအမှတ်ကို ရခိုင်သက္ကရာဇ်နေ့ရက်အတိုင်း ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.2k

နိရဉ္စရာ၊ ဇန္နဝါရီ ၂၆/၂၀၂၃

စစ်တွေမြို့ကို တည်ထောင်ခဲ့သည့် နှစ် (၁၉၇) နှစ်ပြည့်မြောက် အခမ်းအနားတစ်ခုကို ဇန်နဝါရီ ၂၅ ရက် ညနေက စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့ကို ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန္နဝါရီ ၁၂ ရက်နေ့  ခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်နေ့တွင် တည်ထောင်ခဲ့သဖြင့် ရခိုင်သက္ကရာဇ် နေ့ရက်အတိုင်း ယမန်နေ့ တပို့တွဲလဆန်း ၅ ရက်တွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

စစ်တွေမြို့တည်နှစ် ၁၉၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေမြို့၊ မိဇံရပ်ကွက်တွင် မီးထွန်းပွဲတစ်ခုကို သာကီမဏ္ဍိုင် ရခိုင်ဉ်ကျေးမှု အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။  

အဆိုပါအခမ်းအနားကို အကျဉ်းချုံးပြုလုပ်ခဲ့သော်လည်း ရိုးရာကျင်ပွဲတစ်ခုကို ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)၊ ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က တည်ခဲ့သည်ဟု သိရသည်။

အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေးအတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ