တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပဲခူးတိုင်း ဒိုက်ဦးတွင် ကလေး ၁၂၀ ကျော် အစာအဆိပ်သင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 596

(ကလေးငယ်များအသက်ဆုံးပါးမှုမရှိသော်လည်း စောင့်ကြည့်နေဆဲဟုဆို)

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ ရန်ကုန် - မန္တလေး အမြန်လမ်း (၅၃) မိုင် ၅ ဖာလုံအနီးရှိ မိဘမဲ့ ကလေးများ စောင့်ရှောက်ရေးနှင့် ပညာဒါနပရဟိတကျောင်းမှ ကလေး ၁၂၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်တွင် ကျန်းမာရေးအရ စောင့်ကြည့်ဆဲ အနေအထားသာရှိနေသေးကြောင်း ပရဟိအသင်းသားများထံက သိရှိရသည်။

 

 သက်သာတာတွေလဲရှိတာ‌‌‌‌‌ပေါ့ အားလုံး ကိုစောင့်ကြည့်နေဆဲပါပဲ ပရဟိတအသင်းသူ အသင်းသားတွေရော ဆရာဝန်ဆရာမတွေ ရပ်မိရပ်ဖတွေက ကူညီပြုစုပေးနေကြရတာပေါ့။ ဖြစ်ဖြစ်ချင်းတော့အရမ်းစိုးရိမ်သွားတာပေါ့ဟု ‌ကူညီစောင်ရှောက်ပေးနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

 

အဆိုပါကျောင်းတွင် ဇူလိုင်လ ၄ ရက်နေ့က အလှူရှင် တစ်ဦးက လာရောက်လှူဒါန်းသည့် ခေါက်ဆွဲကြော် စားမိရာကနေ ကလေးများ၌ မူးဝေ့အော့အန်မှု၊ ၀မ်းသွားမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 

အလှူရှင်ကလည်း သူ့မွေးနေ့ဆိုတော့ အိမ်မှာပဲ ချက်ပြုတ်ပြီး နံနက်စာ အယောက် ၁၅၀ စာအတွက် လာလှူခဲ့တာပါ။ သံဃာတော် (၁)ပါးလဲ အစာအဆိပ်သင့်တဲ့အထဲပါတယ်။ ဘယ်သူမှတော့ အသက်အန္တရယ် အစိုးရိမ်ရတော့ပါဘူးဟု မေတ္တာကမ်းလက် ပရဟိတ အသင်းက ပြောသည်။



 ထိုလက္ခဏာများကြောင့် တစ်နာရီခန့်အကျော်အကြာတွင် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် ဘုရားကြီးမြို့က ပြည်သူ့ဆေးရုံများသို့ ကလေး ၁၂၀ ဦး၊ လူကြီး (၄)ဦးနှင့် သံဃာတော် (၁)ပါးတို့အား ပို့ဆောင် ဆေးဝါးကုသမှု ခံယူစေခဲ့ရကြောင်း သိရှိရသည်။

 

မည်သည့်အတွက်ကြောင့် ယခုလို အစာအဆိပ်သင့်ခဲ့ရသည်ကို မသိရှိရသေးသလို စစ်ဆေးနေဆဲဟုဆိုသည်။

 

အဆိုပါ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့ချိန် လူနာများအား ဒေသတွင်းရှိ ကြက်ခြေနီအသင်း၊ ပရဟိတအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - မေတ္တာကမ်းလက်

ဆက်စပ် သတင်းများ