အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေပြီး ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ မေ ၈/ ၂၀၂၂ (မြန်မာရေးရာ)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသားမှ တရားမဝင် အလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် တစ်ဦးသေပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းဖြစ်စဉ်သည် မေ ၆ ရက် နံနက် ၇ ခန့်တွင်ဖြစ်ပွားခဲ့ပြီး ကားသည် သေနတ်အချက်ပေါင်းများစွာ ထိမှန်ခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သေနတ် ဒဏ်ရာမှာ ဦးခေါင်းတွင် တစ်ချက်၊ နောက်ကျော၌ တစ်ချက်ထိမှန် ခဲ့သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ပြောသည်။
ဒဏ်ရာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကိုတို့ကိုလည်း ပရာကျွတ်ခီရီခန်ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။
အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးကိုလည်း ထပ်မံတွေ့ရှိရပြီး စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့ ပုန်းခိုနေသော နေရာ၌ ၃ ရက်ခန့် ကြာပြီဖြစ်သည်ဟု သိရသည်။
အထောက်အထားမဲ့ မြန်မာသားများကို တင်ဆောင်လာသည့် ၎င်းကားသည် ထိုင်း-မြန်မာ နယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်ထဲတွင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ အစစ်ဆေးမခံဘဲ မောင်းပြေးပြီးတဲ့နောက် သေနတ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဗွီအိုအေသတင်းက ဖော်ပြထားသည်။ ( NN-15)
( ဓာတ်ပုံ - VOA နှင့် Burma VJ)

ဆက်စပ် သတင်းများ