သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ALP ဒုဥက္ကဋ္ဌဦးခိုင်စိုးနိုင်၏ သားငယ်ဖြစ်သူ ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ စက်တင်ဘာ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ဦးစိုးနိုင်အောင်၏ သားထွေးဖြစ်သူ သာဒိုးအောင်(ခ) တလုံးချိုင်းအရုံဖုံချိုင်ကိရီ (၁၅) နှစ်သည် စက်တင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဆိုင်ကယ်မတော်တဆဖြစ်ရာမှ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

၎င်းသည် ၂ဝ၂ဝ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့၊ ထိုင်းစံတော်ချိန် ည ၉ နာရီခန့်တွင် ဆိုင်ကယ်တော်တဆ ဖြစ်မှုကြောင်း ရုတ်တရက်ကွယ်လွန်သွားခဲ့သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာဒိုးအောင်(ခ) တလုံးချိုင်းအရုံဖုံချိုင်ကိရီသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ဦးစိုးနိုင်အောင်နှင့် ဇနီးဖြစ်သူ နန်းစိုးနီဇာတို့၏ သားသမီး သုံးယောက်အနက် အထွေးဆုံးသားဖြစ်ကြောင်း သိရှိရပါသည်။

ကြွင်းကျန်ရစ်သော ရုပ်အလောင်းအား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘတ်နီယာရပ်ကွက်ရှိ (ဘူယဝဘုန်းတော်ကြီးကျောင်း သုဿန်) တွင် ၂ဝ၂ဝ ခုနှစ် စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ နေ့လယ် ၂ နာရီ ၃ဝ မိနစ်တွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း မီးသင်္ဂြိုမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ သာဒိုးအောင်(ခ) တလုံးချိုင်းအရုံဖုံချိုင်သည် ငယ်ရွယ်သည့် အချိန်တွင် မတော်တဆရုတ်တရက် ကွယ်လွန်သွားခြင်း အပေါ် နိရဥ္စရာသတင်းဌာနအနေဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြ အပ်ပါသည်။

ဆက်စပ် သတင်းများ