သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကာလ ရခိုင်ကစားရေးသောက်ရေး အခက်အခဲရှိနေသူများအား ထောက်ပံ့ရေးကော်မတီဖွဲ့စည်း၊ တစ်နေ့တည်းမတည်ငွေ ကျပ်သိန်း ၁၂၀ ကျော်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 864

ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇူလိုင် ၂၃/၂၀၂၁
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း စာရေးသောက်ရေး အခက်အခဲကြုံနေရသည့် စစ်တွေအပါအဝင် မြို့အသီးသီးမှ လက်လုပ်လက်စား ဆင်းရဲ နွမ်းပါးသူများအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ရန် ကော်မတီတစ်ရပ်ကို ယခုလ ၂၁ ရက်နေ့က စစ်တွေမြို့ကို အခြေပြု၍ ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။
စတင်ဖွဲ့စည်းသည့်နေ့တွင်ပင် ARG/ရခိုင်မျိုးစောင့်အဖွဲ့ (ဗဟို)က ကျပ်သိန်း ၅၀၊ ARG/ရခိုင်မျိုးစောင့်အဖွဲ့ (ဂျပန်ဌာနခွဲ)က ကျပ်သိန်း ၃၀၊ ARG အဖွဲ့ဝင် ဦးစိုးနိုင်(လျှပ်စစ်)က ၁၅ သိန်း၊ ARG ဥက္ကဋ္ဌ ဦးဘအေးက ၅သိန်း၊ ဦးဝင်းမောင် (ပညာရေး)က ၁၅၀၀၀၀ ကျပ်၊ ဦးသန်းမြင့်အောင် (ARG ဂျပန်)က ၅ သိန်းကျပ်၊ ဦးကျော်လင်း (အင်ဂျင်နီယာ)က ၁သိန်းကျပ်၊ ARG ဂျပန်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးထွန်းမောင်၊ ကိုကျော်ဟိန်း၊ ဦးညီညီစံတို့မှ ၃ သိန်းကျပ်စီ၊ ARG ဂျပန်အဖွဲ့ဝင် ဦးအောင်လင်းဆွေ(ခ) အဖြူက ၁၅၀၀၀၀ ကျပ်၊ ကိုလင်းထွန်းက ၂ သိန်းကျပ်နှင့် ကိုသိန်းရွှေက ၁ သိန်းကျပ်၊ ကိုဆန်းဝင်းဌေးက ၅၀၀၀၀ ကျပ်ထည့်ဝင်ကြရာ စုစုပေါင်းတစ်ရာ့နှစ်ဆယ်နှစ်သိန်း ငါးသောင်းကျပ် ရရှိခဲ့သည်ဟု သိရသည်။
၎င်းထောက်ပံ့ရေးကော်မတီတွင် ပါဝင်သူများမှာ ဦးဘအေး( ရခိုင်မျိုးစောင့် အဖွဲ/ARG)၊ ဦးဝင်းမောင်( ပညာရေး)၊ ဦးကျော်လင်း(အင်ဂျင်နီယာ)၊ ဦးဌေးသိန်း(ဥက္ကဋ္ဌ၊ မိုးစဲကျွန်းသာရေးနာရေးအသင်း ဥက္ကဋ္ဌ)၊ ဦးအောင်ကျော်စိန် (ဥက္ကဋ္ဌ၊အိုလံပစ်အသင်း)၊ ဒေါ်မီမီစိုးသန်း( ပါရဂူ ကိုယ်ပိုင်အထက်တန်းကျောင်း)၊ ဦးခင်မောင် (မိုးစဲကျွန်းသာရေးနာရေးအသင်း)၊ ဦးစိုးနိုင်(လျှပ်စစ်) ARG၊ ဦးစိုးနိုင်(ဈီး)ARG၊ ဦးစောလွင် (ARG)၊ ဦးကျော်ကျော်ဝင်း (ARG)နှင့် ဦးလှဝင်း( ဥက္ကဋ္ဌ၊ စိမ်းပြာသဘာ၀ပတ်ဝန်းကျင်) တို့ ဖြစ်ကြသည်။
အဖွဲ့တွင် ခေါင်းဆောင်အဖြစ် ပါဝင်သူ ဦဘအေးက “ အခု ဆန်ရိက္ခာတွေ စုဆောင်းနေပါတယ်။ ရတာနဲ့ စစ်တွေမြို့က ကိုဗစ်ကာလ အခက်အခဲ ဖြစ်နေကြတဲ့ လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူတွေကို စတင်လှူဒါန်း ပါမယ်။ အဓိကတော့ ရခိုင်ပြည်နယ်က မြို့ပေါ်က လက်လုပ်လက်စားတွေကို ရည်ရွယ်လှူဒါန်းသွားပါမယ်” ဟု ပြောသည်။
ကိုဗစ်ကာလအတွင်း အပြင်ထွက် သွားလာရေးကို ကန့်သတ်ထားသဖြင့် မြို့ပေါ်ရှိ လက်လုပ်လက်စား များအနေဖြင့် စားရေးသောက်ရေး အခက်အခဲများ ကျရောက်ဖြစ်ပေါ်နေကြသည်ဟု သိရှိရသည်။
“ အခု စစ်တွေအပါအဝင် ရခိုင်က မြို့အတော်များများမှာ လက်လုပ် လက်စားတွေ Stay Home ကန့်သတ်ချက်ရှိနေတော့ အပြင်ကို ထွက်ပြီး အလုပ်မလုပ်ရတာကြောင့် စားဝတ်နေရေး အထူးအခက်အခဲဖြစ်နေကြတယ်။ ဒီလူတွေကို အဓိက ကူညီထောက်ပံ့လိုတဲ့ အတွက် ခုလို ကော်မတီဖွဲ့ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပါဝင်လိုတဲ့ ဘယ်သူ့ကို မဆို အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဦးဘအေးက ဆက်လက် ပြောဆိုသည်။
ပါဝင် လှူဒါန်းလိုသူများသည် ဦးစိုးနိုင်(လျှပ်စစ်) ဖုန်း- ၀၉၄၂၁၇၄၅၀၃၈၊ ဦးဝင်းမောင်- ဖုန်း ၀၉၄၂၁၇၁၂၇၄၁နှင့် ဦးဘအေး (၀၉၈၉၀၉၇၁၉၅၃) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ