အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့ခံ ၅ဦး စစ်တွေစရဖစခန်းတွင် စစ်ကြောရေးခံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဥ္စရာ၊ ဇွန် ၁/ ၂၀၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် မြို့ခံအမျိုးသား ၅ ဦးမှာ ယမန်နေ့ ဇွန် ၁၈ရက် နေ့တွင် စစ်တွေမြို့ ဂေါက်ကွင်းအနီးအရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)စခန်းတွင် စစ်ကြောရေးခံနေရ သည်ဟု သိရသည်။

 

စစ်ကြောရေးစစ်ဆေးခံနေရသူမှာ ဦးဘလှိုင် (၃၉)နှစ်၊ ဦးဝင်းမောင်သန်း(၄၀)နှစ်၊ ဦးထွန်းလိုင်(၅၅)နှစ်၊ ဦးကျော်မင်း (၅၈)နှစ် နှင့် ကိုကျော်လင်း(အသက်၂၀ကျော်အရွယ်)တို့ဖြစ်ကြသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။

 

 သူတို့ကို ဒီနေ့ ၅နာရီကျော်လောက်မှာ စရဖစခန်းကိုယူခဲ့တာ။ စစ်ကြောရေးဝင်ဖို့ထင်တယ်။ စစ်ကြောရေးဆိုတာ ကနောက်ဆုံးအဆင့် စစ်ဆေးတာ။ ညှမ်းပန်းနှိပ်စက်ပြီးတော့ စစ်ဆေးတာ။ စစ်ဆေးတာနဲ့ စစ်ကြောတာနဲ့ မတူဘူး။ စစ်ကြောရေးဆိုတာက ကိုယ်တို့လိုချင်တဲ့ ဒေတာ အချက်အလက်တွေကို မရရအောင်လုပ်တာပါဟု ဆိုသည်။

 

ယခုဖမ်းဆီးခံ အရပ်သား ၅ဦးရောက်ရှိနေသည့်နေရာမှာ ယခင်ကထောက်လှမ်းရေး(၁၀)နေခဲ့သည့် နေရာဖြစ်ပြီး လက်ရှိတွင် စရဖစခန်း အဖြစ်ပြောင်းလဲထားသည်ဟု သိရသည်။

 

ယင်းအပြင် ၎င်းတို့ ၅ဦးထဲမှ ဦးဘလှိုင်၊ ဦးဝင်းမောင် သန်း၊ ဦးထွန်းလှိုင်၊ဦးကျော်မင်းတို့မှာ ပုဏ္ဏားမြို့တွင် နေထိုင်သူများဖြစ်ကြပြီး ကိုကျော်လင်းမှာမှု နေရပ်လိပ်စာ တိတိကျကျ မရရှိသေးဟုလည်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။


၎င်းတို့ ၅ ဦးသည် ဇွန် ၁၆ရက်က ရက္ခိုင့်တပ်တော်( AA)က ပုဏ္ဏားမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီးနောက် အကြောင်းမဲ့အဖမ်းခံရသည့် အရပ်သားများဖြစ်ကြသည်။

 

နောက်ထပ် ဦးမှာလည်း စစ်တွေ စစ်ဆေးရုံကုတင် (၁၀၀)တွင် ဆေးကုသမှု ခံနေရသည်ဟု သိရသည်။ ဆေးရုံတွင် တက်ရောက်ကုသနေရသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသေးပေ။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အဆင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖြေကြားပေးမည့်သူ မရှိ၍ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ
(NN-11)

ဆက်စပ် သတင်းများ