စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေဓည၀တီရပ်ကွက်က လူ ၃ ဦး ဇွန် ၂၄ ရက်နေ့ကနေ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
စစ်တွေမြို့ ဓည၀တီ (က)ရပ်ကွက်မှ လူ ၃ဦးမှာ ဇွန် ၂၄ ရက် ညနေကတည်းက ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
၎င်းတို့ ၃ ဦးမှာ ဦးမောင်အေး(ဘ)ဦးရွှေထွန်းဖြူ (အသက်-၅၂)နှစ်၊ ဦးအောင်လှစိန်(အသက်-၆၃နှစ်)၊ ဦသိန်းရွှေ(ဘ) ဦးဗုဒ္ဓဟူးအောင် (အသက် ၄၂ နှစ်) တို့ ဖြစ်ကြသည်။
၎င်းတို့ ၃ ဦးကို ဇွန် ၂၄ ရက်သောကြာနေ့ ည ၇ နာရီကစပြီး မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်ဟု သိရသည်။
ဦးမောင်အေး၏ သားဖြစ်သူက “ လုံး၀ အဆက်အသွယ်မရဘူး။ ဒီလ ၂၄ ရက်နေ့ ညနေက စပြီးပျောက်နေတာ။ အဖေက ဦးအောင်လှစိန်က ဖုန်းနဲ့ ခေါ်လို့ လိုက်သွားတာ။ စစ်တပ်က ဖမ်းသွားလား။ အတိအကျ သတင်းမရ ဖြစ်နေပါတယ်။ အိမ်က လူတွေ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောသည်။
၎င်းပြင်သူဖခင်တို့ ပျောက်ဆုံးနေသည့် အပေါ် ခန့်မှန်းရန်မတတ်ကြောင်း၊ တစ်နေရာရာသို့ ရောက်နေလျှင်လည်း ဖုန်းဆက်မည်ဖြစ်ကြောင်း သားဖြစ်သူက ဆက်လက်ပြောဆိုသည်။
၎င်းတို့ ၃ ဦးမှာ ရက္ခိုင့်တပ်တော် (AA)မှ ထုတ်ပြန်သော စစ်ကောင်စီက ဖမ်းဆီးသွားသူ (၂၁) ဦးစာရင်းတွင်လည်း မပါဝင်ကြောင်း သိရသည်။
(ဓာတ်ပုံ- ပျောက်ဆုံးနေသူ ၃ ဦးအထဲက ဦးအောင်လှစိန်နှင့် ဦးမောင်အေး)

ဆက်စပ် သတင်းများ