သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းတွင် မူဆလင် ၃ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ ဇွန် ၂၉ / ၂ဝ၂၂
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ယမန်နေ့က မူဆလင် ၃ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ယမန်နေ့ ဇွန် ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်များအား စစ်ဆေးနေစဉ် ကြက်ရေစမ်းကျေးရွာအနီး၌ မူဆလင်များရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်မှ ပွဲစားဆိုသူက ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်လိုပါက ၁ ဦးလျှင် ကျပ်သိန်း ရ၀ ပေးရမည်ဟုဆို၍ သဘောတူညီခဲ့သည်ဟု ဖော်ပြထားသည်။
ဇွန် ၂၅ ရက်နေ့တွင် မင်းပြားမှအမ်းမြို့နယ်သို့စက်လှေဖြင့် ရောက်ရှိခဲ့ပြီး ၎င်းမှတစ်ဆင့် ကြက်ရေစမ်း ကျေးရွာအနီးရှိ တောင်ယာတဲ ၁ လုံးသို့ ရောက်ရှိခဲ့ကာ ၎င်းတဲတွင် ၁ ည အိပ်ခဲ့ပြီး မည်သူမျှလာရောက်ခေါ်ဆောင်ခြင်းမရှိသဖြင့် တောလမ်းအတိုင်း ထွက်ခွာခဲ့ရာတွင် ကြက်ရေစမ်းကျေးရွာအနီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
၄င်းတို့၏အမည်နှင့် နေရပ်လိပ်စာကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။
လက်ရှိတွင် ၄င်းတို့အား အမ်းမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး ဥပဒေအရလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ