ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

လူငယ်လူပ်ရှားသူ ကိုသန်းလှ(ခ) မင်းဘာချေကို စစ်တွေရဲက ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

နီမင်းထွန်း
နိရဥ္စရာ၊ စက်တင်ဘာ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူငယ်လူပ်ရှားသူ ကိုသန်းလှကို ယနေ့  ညနေတွင်ရဲကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ကိုသန်းလှ(ခေါ်) မင်းဘာချေအား စစ်တွေမြို့ ဦးဥတ္တမပန်းခြံအနီးတွင် ယနေ့ ညနေ  ၃နာရီအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သူ၏ လုပ်ဖော်ကိုင်ဘက်များက ပြောသည်။

ယခုကိုသန်းလှအား ရမန်ယူရန် တရားရုံးကို ခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုသန်းလှ (ခ) ကိုမင်းဘာချေသည် စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုရရှိရန် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် သရုပ်ပြတောင်းဆိုခဲ့သူများထဲတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ 

ခွင့်ပြုချက်မရှိဘဲ သရုပ်ပြတောင်းဆိုမှုကို ပြုလုပ်သည်ဟု ဆိုကာ ဦးဆောင်ခဲ့သူ ကိုသန်းလှအပါအဝင် ပူးပေါင်းပါဝင်ခဲ့ကြသည့် လူငယ်များကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားခဲ့သည်။

သရုပ်ပြတောင်းဆိုမှု ပြုလုပ်ပြီး ၂ လ ကျော်အကြာတွင် ကိုသန်းလှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ