အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်မျိုးစောင့်အဖွဲ့(ARG) ဥက္ကဋ္ဌ ဦးဘအေး အပြစ်မရှိသည့်အတွက် စွဲချက်မတင်ဘဲ လွှတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.1k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/ ၂ဝ၁၉

မူးယစ်ဆေးဝါးရောင်းဝယ်မှုသံသယနှင့် ဖမ်းဆီးခံထားရသည့်  ရခိုင်မျိုးစောင်အဖွဲ့(ARG) ဥက္ကဋ္ဌ ဦးဘအေးအား အပြစ်မရှိသည့်အတွက် စွဲချက်မတင်ပဲ မောင်တောခရိုင် တရားရုံးမှ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

“စွဲချက်တင်သင့်မတင်သင့် ဒီနေ့ဆုံးဖြတ်တယ်။ အဲလိုဆုံးဖြတ်တဲ့အခါ ကျနော့်ကို စွဲချက်မတင်သင့်ဘူးဆိုပြီးတော့ ဒီအထောက်အထားတစုံတရာလည်းမရှိဘူးဆိုပြီး။ နောက်တစ်ခါ ပြဿနာဖြစ်တော့လည်း မောင်တောမှာမရှိဘူး။ နောက် ကွင်းဆက်အနေနဲ့လည်း တစုံတရာရှာဖွယ်တွေ့ရှိတာမရှိဘူးဆိုတော့ အဲဒါကြောင့်မလို့ တရားရှင်လွတ်တယ် ဆိုပြီးတော့ လွှတ်လိုက်တာပါ” ဟု လွတ်မြောက်လာသူ ဦးဘအေးက နိရဥ္စရာသတင်းဌာကို ပြောသည်။

ယခုကဲ့သို့ အပြစ်မရှိကြောင်းတရားရုံးက လွတ်မြောက်လာသော်လည်း မသေချာမရေရာဘဲ မဆင်မခြင် ဖမ်းဆီး အရေးယူစစ်ဆေးမှုများ ပြုလုပ်ခံရသောကြောင့် လုပ်ငန်းပျက်စီးဆုံးရှုံးမှု ရှိသလို ဂုဏ်သိက္ခာပိုင်းကို အကြီးအကျယ် ထိခိုက်နစ်နာမှုဖြစ်စေခဲ့ကြောင်း၊ အဖွဲ့အစည်း၏ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွင်လည်း နစ်နာမှုများရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျနော်က အစကတည်းက ဘာမှမဟုတ်ဘဲ ခံရတာကိုး။ ဘာမှမဟုတ်ဘဲခံရတဲ့အခါကျတော့ အရမ်းကြီး နစ်နာတာပေါ့။ သိက္ခာပိုင်းကော၊ နောက်အဖွဲ့အစည်းဦးဆောင်နိုင်မှုစွမ်းရည်တွေမှာကော၊ အကုန်လုံးမှာ ထိခိုက်ကုန်တာပေါ့။ အခုလိုလွတ်လာတယ်ဆိုလဲ ပျော်တယ်လို့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနောက် တံခါးကာကွယ်ရေးအတွက် တည်ဆောက်ထားတဲ့အခြေခံစခန်းကြီးက အကုန်လုံး ရစရာ မရှိလောက်အောင် ပျက်စီးသွားပြီ” ဟု ဦးဘအေးက ပြောသည်။

ရခိုုင်မျို့စောင်အဖွဲ့ ARG စခန်းတစ်ခုလုံးပျက်စီးသွားသည့်အတွက် စခန်းကိုမှီခိုအားထားနေတဲ့ ဒေသခံများလည်းနစ်နားသွားသလို ကာလတန်ဖိုး ငွေကျပ်သိန်းတစ်ထောင်ခန့်လောက်ဆုံးရှုံးသွားကြောင်းနှင့် ပြန်လည်တည်ဆောက်ရန်အတွက် အခက်အခဲများရှိနိုင်ကြောင်း သူကဆက်လက်ပြောသည်။

“ အစကတည်းကနေ စိစစ်ပြီးမှ လုပ်ဖို့ကောင်းတာပေါ့။ အဲလိုမစိစစ်ပဲနဲ့ ချက်ချင်းအရေးယူတယ်ဆိုပြီးတော့ ချိပ်ပိတ်တယ်ဆိုပြီး ပိတ်လိုက်တော့ တိုက်အိမ်တစ်အိမ်ကို ပိတ်တာမျိုးမှမဟုတ်တာ။ တိုက်အိမ်တစ်အိမ်၊ စက်ရုံတစ်ရုံကို ချိပ်ပိတ်လို့ရတယ်။ ဒီ ဧက ၈ဝ ကျော်ရှိတဲ့ ခြံကြီးကို ဘယ်လိုလုပ်ပြီးပိတ်လို့ရမလဲ။ နွားအကောင် ၁ဝဝ ကျော် ရှိတယ်။ ဆိတ်အကောင် ၃ဝ ကျော် ရှိတယ်။ ဝတ်အကောင် ၂ဝ ကျော်ရှိတယ်။ အဲဒီဟာတွေကို အစကတည်က စဉ်းစားကြည့်ဖို့ကောင်းတာပေါ့ဗျာ။ ပျက်စီးတယ်ဆိုတာ ကျနော့့်ကိုယ်ပိုင်ပစ္စည်း ပျက်စီးတာ မဟုတ်ဘူး။ ဒီအနောက်တံခါးဒေသမှာ အသုံးပြုတဲ့ ဆန်စက်တွေရော၊ စပါးရိတ်စက်တွေရော၊ အကုန်လုံး ပျက်စီးကုန်တယ်။ ဆန်ဂိုဒေါင်တွေဆိုလည်း ဖျက်ဆီးခံလိုက်ရတယ်။ ဆန်စက်တွေလည်း အခိုးခံရတယ်။ ချိပ်ပိတ်တယ်လို့သာပြောတာ စခန်းမှာဘာတစ်ခုမှမရှိတောဘူး။ အဲဒါတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ မလွယ်တော့ဘူး။ အဲလိုမဆင်မခြင်လုပ်လိုက်တဲ့အတွက် အဖွဲ့အစည်းပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသလို ဂုဏ်သိက္ခာပိုင်းတွေလည်း အရမ်းထိခိုက်သွားတာပေါ့။ ရှင်းရှင်းပြောရရင် ARG အဖွဲ့ဝင်တွေတောင် ကျနော့်အနားကိုကပ်ရဲတော့မှာလားဆိုတာ အဲလောက်ထိတောင် ကျနော့်မှာ စိုးရိမ်ပူပင်မှုတွေဖြစ်တယ်” ဟု ပြောဆိုသည်။

ယခုလွတ်မြောက်လာသူ ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးကို ယခုနှစ် ဇွန်လက ၁ဝ ရက်နေ့က မောင်တောမြို့နယ်၊ ကင်းချောင်းအနီးရှိ ARG စခန်းရှေ့ရှိ ပစ္စည်းများ သိုလှောင်ထားသည့် အဆောက်အဦးဟောင်းထဲမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိပြီးနောက် မြောက်ဦးမြို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကိုဘအေးမှာ ကိုယ်ကျင့်တရား ကောင်းမွန်သူ တစ်ဦးဖြစ်ပြီး နိုင်ငံရေး ပါတီများနှင့် မပတ်သက်ဘဲ လူမှုရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသူ တစ်ဦးဖြစ်သဖြင့် သူ့အား ဖမ်းဆီးခြင်း အပေါ် ရခိုင်လူထု အတွင်းတွင် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည်။

----------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၁၃/ ၂ဝ၁၉
 








ဆက်စပ် သတင်းများ