သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တော - အငူမော် ကားလမ်းမိုင်းပေါက်ကွဲမှု အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ တရားသေလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.9k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်တော-အငူမော် ကားလမ်း မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ လူငယ်တစ်ဦးသည် အမှုမှ တရားသေလွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူမှာ မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာမှ ကိုမောင်ကျော်သိန်း(၂၅)နှစ် (ဘ) ဦးထွန်းလှဦး ဖြစ်ပြီး သူ့အား ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မောင်တောမြို့နယ်ခရိုင်တရားရုံးက တရားသေလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“အထဲမှာ အားလုံးစုစုပေါင်း ရှစ်လလောက်ကြာခဲ့ပါတယ်။ ကျွန်တော့်ကို ဘာကြောင့်ပြန်လွှတ်ပေးလိုက်လဲ ဆိုတော့ ကျွန်တော်တို့နဲ့ မပတ်သက် မသက်ဆိုင်တဲ့အတွက် ပြန်လွှတ်ပေးလိုက်တာပါ။အဲဒီအမှုမှာ မပတ်သက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ချက်ချပေးလိုက်တာပါ”ဟု လွတ်မြောက်လာသူ ကိုမောင်ကျော်သိန်းက နိရဥ္စရာသို့ ပြောသည်။

ကိုမောင်ကျော်သိန်းမှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က မောင်တော-အငူမော်ကားလမ်း ကိုင်းကြီးကျေးရွာ လမ်းဘေးတွင် မိုင်းနှစ်လုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်မ ၅ဝ(ဈ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံခဲ့ရ ခြင်းဖြစ်သည်။

“ဘာတွေနစ်နာမှုရှိလဲဆိုတော့ ကျွန်တော်တို့မှာက မရှိဆင်းရဲသားတွေကို ဖမ်းဆီးတယ်။အပြစ်မရှိဘဲ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးတာတွေက နစ်နာတယ်။ကျွန်တော်တို့မှာ အလုပ်အကိုင်လည်းပျက်ပြီး အခုဆို ဘာလုပ်ရမလဲတောင် မသိဘူး”ဟု ကိုမောင်ကျော်သိန်းက ဆက်ပြောသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း ကိုမောင်ကျော်သိန်းလွတ်မြောက်လာသည်မှာ ဟုတ်မှန်သည်ဟုဆိုသည်။

ဓာတ်ပုံ - လွတ်မြောက်လာသူအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းနှင့်အတူ တွေ့ရစဉ်။

==================


နိရဉ်စရာ ၊ ဒီဇငျဘာ ၁၉ / ၂ဝ၁၉








ဆက်စပ် သတင်းများ