ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးမြို့မှ စပါးရိတ်နေစဉ် ပျောက်ဆုံးနေသူနှစ်ဦး၏ အလောင်းများတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး မြို့မှ ပျောက်ဆုံးနေသူ နှစ်ဦး၏အလောင်းများအား ယနေ့ နေ့လယ် ၁နာရီခွဲခန့်တွင် ကမ်းထောင်းကြီးမြို့နှင့် ၃မိုင်ခန့် အကွာ ရထိုးတောင်အနီး လယ်ကွင်းတစ်ခုထဲမှ တွင်းတစ်တွင်းထဲတွင် အတူမြုပ်နှံပြီး တွေ့ရှိရကြောင်း မိသားစုများက ပြောကြားသည်။

၎င်းတို့ နှစ်ဦးမှာ ရခိုင်လူမျိုး ဦးနီသန်း(၆၃)နှစ်နှင့်  ချင်းလူမျိုး ဦးကင်းချေ (၄ဝ)နှစ်တို့ဖြစ်ကြသည်။

ကမ်းထောင်းကြီးမြို့ အနီးရှိ ရထိုးတောင်ခြေရှိ ၎င်းတို့ လယ်ကွင်းနှင့် ကိုက်၁ဝဝခန့်လောက် အကွာ လယ်ကွင်း တစ်ခုတွင် တွင်းတူးမြုပ်နှံထားသည်ကိုတွေ့ရကြောင်း ဦးနီသန်း၏သမက်ဖြစ်သူ ဦးသောင်းလှရွှေကနိရဥ္စရာ သတင်းဌာနအားပြောသည်။

" သူတို့လယ်ကွင်းနဲ့သိပ်မဝေးတဲ့နေရာမှာ နှစ်ယောက်လုံးကို တစ်တွင်းတည်းထည့်မြုပ်ထားတာတွေ့ရတာပါ။ အနံ့တောင်ထွက်နေပါပြီ။ ပျောက်သွားတဲ့နေတည်းက သေသွားပုံရပါတယ်။ ကျွန်တော်တို့  အလောင်းတွေကို တူးပြီးသယ်လာပါပြီ" ဟု ၎င်းက ပြောကြားသည်။ 

သေဆုံးသွားသူများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေ၅နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ရထိုးတောင် အနီးမှ ကမ်းထောင်းကြီးမြို့ဘက်သို့ ပစ်ခတ်မှုများပြုလုပ်နေသောအချိန်တွင် ရထိုးတောင်ခြေရင်းရှိ၎င်း၏ လယ်ကွင်းတွင် ရိတ်သိမ်းပြီး ကောက်လိူင်းများကို စုနေရာမှ ပျောက်ဆုံးသွားဖြစ်ကြောင်း မိသားစုများကပြောသည်။

"အလောင်းတွေကို ကျွန်တော်တို့နာရေးအသင်းက ကားနဲ့တင်လာပါပြီ။ တစ်ကိုယ်လုံး ဓားဒဏ်ရာတွေနဲ့ပါ။ ဆေးရုံရောက်မှ အသေးစိတ်သိရပါမယ်"ဟု ကမ်းထောင်ကြီးမြို့နာရေးကူညီရေးအသင်း ဥက္ကဋ္ဌ မောင်ချယ်ရီက ပြောသည်။

မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်သူ  ဦးမြသန်းက "အပြစ်ရှိတယ်ဆိုရင်တောင် တရားဥပဒေနဲ့အညီ အပြစ်ပေးလို့ရပါတယ်။ အပြစ်မရှိတဲ့ ပြည်သူတွေကို  ဒီလိုသတ်တယ် ဆိုတာတွေက မကောင်းဘူးပေါ့ဗျာ။ ကြားရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်" ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခသို့ ဆက်သွယ်ရာ ၎င်းတို့ နှစ်ဦးပျောက်ဆုံးနေမှုနှင့်ပ တ်သက်၍ သက်ဆိုင်မှုမရှိကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထာခြင်းမျိုးလည်း မရှိကြောင်း ပြောဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

-------------------------

Unicode













ဆက်စပ် သတင်းများ