သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တိန်ညိုစစ်ဘေးရှောင်စခန်းမှ လေးတန်းကျောင်းသူနှင့် လူနာစောင့်အမျိုးသမီးတို့ကို ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ယူဆောင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.3k

နီမင်းထွန်း
နိရဉ္စရာ၊ မတ်လ ၁၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာစစ်ဘေးရှောင်စခန်းမှ လေးတန်းကျောင်းသူ တစ်ဦးနှင့် တိန်ညိုဆေးရုံတွင် လူနာစောင့်သည့်အမျိုးသမီးတို့ကို ဒဏ်ရာပြင်းထန်၍ အရေးပေါ် ဆေးကုသရန် စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာရာ ညနေပိုင်းတွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ 

၎င်းတို့ နှစ်ဦးမှာ ၄ တန်းကျောင်းသူ မနှင်းမိုးနွယ်နှင့် တိန်ညို ဆေးရုံတွင် လူနာလာစောင့်နေသည့် ဘူးရွက်မညိုးကျေးရွာမှဒေါ်သန်းအေးကြည်(၅၅)နှစ် တို့ဖြစ်ကြောင်းသိရသည်။

မနှင်းမိုးနွယ်သည် ယနေ့နံနက်အစောပိုင်းက အိမ်အောက်တွင်ဝပ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဝမ်းဗိုက်တွင် နှစ်ချက်ထိမှန်ပြီး ဗိုက်ပေါက်သွားခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးအောင်သိန်းဝင်းက ပြောသည်။

“မြန်မာတပ်မတော်သားတွေဟာ မနက်အစောကြီးအဝေးကနေပစ်လို့လာတယ်။ အသံကြားလို့ ကျနော်တို့ အိပ်ရာကလန့်နိုးတယ်။ ပြီးတော့ အောက်မှာဝပ်နေကြတယ်။ စစ်ဘေးရှောင်းစခန်းက လူတွေအားလုံးလည်း ဝပ်နေကြရတယ်။   အဲဒီမှာ လက်နက်ကြီးကျည်က အိပ်ခေါင်မိုးကို ဖောက်ပြီး အနားမှာလာကျတာ။ ကျနော်တို့ မိသားစု ၅ ယောက်လုံးဒဏ်ရတယ်။ သမီးလေးနဲ့ ယောက်ခမဒဏ်ရာပြင်းတယ်။ သမီးက ဗိုက်ကိုဖောက်သွားတာ။ သတိရလိုက် မရလိုက်နဲ့ တော်တော်စိုးရိမ်ရတယ်”ဟု ၄င်းကပြောသည်။

ဒေါ်သန်းအေးကြည်(၅၅)နှစ်သည်လည်း တိန်ညိုဆေးရုံတွင်လူနာစောင့်နေစဉ် လက်နက်ကျည်လာကျသောကြောင့် ညာဘက် လည်ပင်းကိုကျည်ဖောက်သွားသည်ဟု အစ်မဖြစ်သူကပြောသည်။

၄င်းတို့သည် တိန်ညိုဆေးရုံ၊ မြောက်ဦးဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံကို ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်တိန်ညိုကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် တိန်ညိုစစ်ဘေးရှောင်စခန်းမှ ၁၂ ဦးနှင့် တခြားကျေးရွာများမှ အရပ်သားအများအပြား ဒဏ်ရာရသွားခဲ့ကြောင်းသိရသည်။

---------------------------------

Unicode:



နိရ ဉ်စရာ၊ မတျလ ၁၃/၂ဝ၂ဝ







ဆက်စပ် သတင်းများ