သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မတရားဖမ်းဆီးနှိပ်စက်သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုတောင်းဆိုသူ စစ်တွေမြို့မှ ကိုသန်းလှထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7k

နီမင်းထွန်း
နိရဉ္စရာ၊ မတ်လ ၂၁/ ၂ဝ၂ဝ

လက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲအတွင်း မတရား ဖမ်းဆီးခံရသူများ၊ နှိပ်စက်ခံရသူများနှင့် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး ဆန္ဒဖော်ထုတ် တောင်းဆိုပွဲကို ဦးဆောင်သူ ရခိုင်လူငယ်ခေါင်းဆောင်  ကိုသန်းလှ(ခေါ်)မင်းဘာချေကို ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

ကိုသန်းလှ(ခေါ်)မင်းဘာချေအား ထိုသို့ တောင်းဆိုသည့် အတွက် ငြိမ်း၊စု၊စီပုဒ်မ(၁၉)ဖြင့် ၆ လကြာ တရားစွဲခံခဲ့ရပြီး မတ်လ ၂ဝ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၅ ရက် ချက်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

၄င်းအမှုကိုလိုက်ပါဆောက်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ''သူ့ကို တရား စွဲထားတာက နှစ်မှုပေါ့။ ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့တဲ့တစ်မှုနဲ့ ဦးဥတ္တမ ပန်းခြံမှာ ခွင့်ပြုချက်မရှိဘဲ သရုပ်ပြ ကန်ပိန်းလုပ်ခဲ့တဲ့အမှုပေါ့။  အဲဒီအမှု နှစ်ခုမှာ ဦးဥတ္တပန်းခြံမှာ လုပ်ခဲ့တဲ့အမှုက ငြိမ်းစုစီဥပဒေပုဒ်မနဲ့ မငြိစွန်းတဲ့အတွက် ပြစ်ဒဏ်ချမှတ်လို့ မရဘူး။ ရခိုင်ပြည်နယ် အစိုးရရှေ့မှာလုပ်ခဲ့တဲ့အမှုက ငြိမ်စုစီနဲ့ ငြိတဲ့ အတွက် ထောင်ဒဏ် ၁၅ ရက်ကျတာပါ'' ဟု ပြောသည်။

၄င်းအမှုအတွက် ထောင်ဒဏ် ၁၅ ရက်(သို့) ဒဏ်ငွေ ၂ဝဝဝဝကျပ် ရှိသော်လည်း ငြိမ်းချမ်းရေးကို တောင်းဆိုသည့်သူ့တွင် အပြစ်မရှိဟုဆိုကာ ဒဏ်ငွေမဆောင်ဘဲ ထောင်ကျခံမည်ဟု ကိုသန်းလှက ပြောဆိုခဲ့သည်ဟုလည်း ဦးအောင်စစ်မင်းက ဆက်ပြောသည်။

ကိုသန်းလှကို မြောက်ဦးမြို့တွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေမှ ပစ်ခတ်နှိမ်နင်းခဲ့၍ အရပ်သားများသေဆုံးခဲ့ရသည့်အပေါ် ၂ဝ၁၈ ခုနှစ်က ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြည်နယ်အစိုးရရုံးရှေ့ ခွင့်ပြုချက်မရှိဘဲ ကန့်ကွက် ဆန္ဒပြခဲ့ခြင်းနှင့်
ရခိုင်ပြည်နယ်အတွင်း စစ်ကြောရေးများတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုရရန် ဇူလိုင် ၁ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမ ခန်းခြံတွင် ရခိုင်လူငယ်တချို့နှင့်အတူခွင့်ပြုချက်မရှိဘဲ သရုပ်ပြ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်တောင်းဆိုခဲ့ခြင်း စသည့်အမှုနှစ်မှုဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

၄င်းအမှုနှင့်ပတ်သက်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသန်းလှ(ခေါ်) မင်းဘာချေကို ယခုနှစ် စတင်ဘာလ ၂ဝ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

-----------------------------

Unicode:



နိရ ဉ်စရာ၊ မတျလ ၂၁/ ၂ဝ၂ဝ







ဆက်စပ် သတင်းများ