သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မာန်အောင်မြို့တွင် ဆိုလာလျှပ်စစ်မီးအဆင်မပြေ၍ မီးစက်ဖြင့်တွဲပြီးအသုံးပြုနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၁

 

Posco Daewoo ပေါ်စကို ဒေဝူးကုမ္ပဏီမ လှူဒါန်းသည့် နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူး နေခြင်းမှာ အဆင်မပြေ၍ မာန်အောင်မြို့ပေါ်နှင့် ဒေသခံများမှာ အခက်အခဲ ကျရောက် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

မာန်အောင်ဒေသခံ ကိုကျော်မိုးနိုင်က မီးစက်နဲ့ တွဲသုံးရပါတယ်။ နေ့ခင်းဘက် နေပူနေတုန်းဆိုရင် ဆိုလာနဲ့ အသုံးပြုတယ်။ နေမပူတော့ဘူးဆိုရင် EPC က မီးစက်နှိုးပေးတယ်ပေါ့။ အဲလိုမျိုးပါ။ မီးစက်နဲ့ တွဲသုံးပေမဲ့လည်း အဆင်မပြေပါဘူး။ ထမင်းချက်တာတွေမှာ အဆင်မပြေဘူး။ ၂၄ နာရီ လျှပ်စစ်မီးကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်ဟု နိရဉ္စရာသို့ ပြောသည်။

 

လက်ရှိမာန်အောင်မြို့တွင် နေရောင်ခြည်သုံး ဆိုလာစနစ် လျှပ်စစ်မီးအား သုံးစွဲရာတွင် အဆင်မပြေ၍ မီးစက်ဖြင့် တွဲပြီး အသုံးပြုနေရသဖြင့် လျှပ်စစ်နှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်မပြေဖြစ်နေသည်ဟု ဆိုသည်။

 

၎င်းဆိုလာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးခြင်းကို  NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့   ိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတော် အခမ်းအနားဖြင့် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆိုလာစနစ်လျှပ်စစ်မီးကို အခမ်းအနားဖွင့်လှစ်ပြီး နောက်တစ်နေ့  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်ပြီး  မာန်အောင်မြို့ပေါ် ရပ်ကွက်များအပါအဝင် ခအုံးမော်ကျေးရွာနှင့် ကောင်းတန်းကျေးရွာ တို့အား ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် (၇) လခန့်အကြာ  ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ယင်းဆိုလာလျှပ်စစ်မီးမှာ စ္စည်းအချို့ ချွတ်ယွင်း ပျက်စီးသွားသည့်အတွက် ကိုးရီးယားနိုင်ငံမှ ဆိုလာလျှပ်စစ်မီးဆိုင်ရာ ပြုပြင်သည့် ပညာရှင်များက မာန်အောင်သို့ လာရောက်ပြုပြင်ခဲ့သဖြင့်  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို ပြန်လည် ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဇော်ဇော်လင်းက ပြောသည်။

 

မီးစက်ကတော့ အခုမှ တွဲသုံးတာမျိုးမဟုတ်ပါဘူး။ အရင်က ဆိုလာပျက်တော့ မီးစက်နဲ့ ပေးပါတယ်။ အဲဒီကြားထဲ မီးစက်ကလည်း လပိုင်းလောက် ပျက်သွားတယ်။ ၃ လပိုင်း (မတ်လ) လောက်က မီးစက် ပြန်အဆင်ပြေ လို့ အဲဒီကတည်းက မီးစက်ပြန်ပေးတာပေါ့။ ဆိုလာနဲ့တွဲပေးတယ်ပေါ့။ အရင်တုန်းက ဆိုလာကို ၃၀၀ ကီလိုဝပ်အထိ ပေးနိုင်ပါတယ်။ ဆိုလာက ပျက်ပြီးမှ ပြန်ကောင်းသွားတာဆိုတော့ ၆၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တော့တယ်ဟု ပြောသည်။

 

သို့အတွက် မီးစက်ဖြင့် ဆိုလာဖြင့် ပေါင်းကာ မာန်အောင်တွင် တစ်နေ့လျှင် ၁၂ နာရီခန့် လျှပ်စစ်မီးပေးကြောင်း သိရသည်။

 

မိုးရာသီနီးကပ်လာပြီဖြစ်၍ ၄င်းတို့ လျှပ်စစ်ဌာနအနေဖြင့် မာန်အောင်မြို့တွင် မီးစက်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်ရန် အတွက် ကြိုးစားနေကြကြောင်းလည်း သူက ဆက်ပြောသည်။

 

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိရာ မာန်အောင်မြို့နယ်မှ အပ ကျန် ၁၆ မြို့နယ်တွင် မဟာဓာတ်အားလိုင်း (National Power Grid) မှ ဓာတ်အားကို ဖြန့်ဖြူးပေးဝေနေခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်သည် သဘာ၀ဓာတ်ငွေ့ထွက်သော ဒေသတစ်ခုဖြစ်သော်လည်း မာန်အောင်မြို့နယ်တွင် ဂတ်စ်ဖြင့် လျှပ်စစ်မီး မပေးဘဲ ဆိုလာစနစ်ဖြင့် လျှပ်စစ်ပေးဝေမှုအပေါ်  ဝေဖန်မှုများလည်း ရှိနေသည်။

ဆက်စပ် သတင်းများ