စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေရှိ ရပ်ကွက် ၆ ခု နေ့အချိန် လျှပ်စစ်မီးပြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၁၀/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် ယခုအပတ် စနေနှင့် တနင်္ဂနွေရက်တို့၌ နေ့အချိန် လျှပ်စစ်မီး ပြတ်တောက်မည်ဟု သတင်းရရှိသည်။
လျှပ်စစ်မီးပြတ်တောက်မည့် ရပ်ကွက်များမှာ မကျည်းမြိုင်၊ ရဲနွယ်စု၊ ကျောင်းကြီးလမ်း၊ ပြည်တော်သာ၊ မြောက်စံပြနှင့် အနောက်စံပြရပ်ကွက်တို့ဖြစ်သည်။
အဆိုပါရပ်ကွက်များတွင် ယနေ့ ဇူလိုင်လ ၁ဝ ရက်နေ့ (စနေ)နှင့် ဇူလိုင်လ ၁၁ ရက်နေ့ (တနင်္ဂနွေ)တို့၌ နေ့စဉ် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ကြိုးလဲဖို့အတွက် ခဏ ပိတ်ထားမှာပါ။”ဟုလည်း စစ်တွေမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံမှူး ဦးအောင်ကမ႓ာထွန်းက ပြောသည်။
စစ်တွေမြို့နယ်အတွင်း ၁၁ ကေဗွီဓာတ်အားလိုင်း ACSR ကြိုး (၂) မိုင်အား Insulated Cable 95 mm2 ဖြင့် လဲလှယ်ခြင်းလုပ်ငန်းထဲမှ 11kv Line မေယုဖီဒါ (၂) ကြိုးလဲခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ စစ်တွေမြို့တွင် ယခုကဲ့သို့ ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းရေးများ ပြုလုပ်လုပ်ခဲ့သဖြင့် လွန်ခဲ့သည့် ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်များတွင်လည်း နေ့ချိန် လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို သံတွဲမြို့နယ်တွင်လည်း ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းရေးများ ပြုလုပ်လုပ်ခဲ့သဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် နေ့အချိန် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။

ဆက်စပ် သတင်းများ