ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်မြို့ ၁၀ မြို့ လျှပ်စစ်မီးပြတ်တောက်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၄/၂၀၂၁
ရခိုင်ပြည်နယ်မှ မြို့၁၀ မြို့တွင် အောက်တိုဘာ ၄ ရက် မွန်းတည့်ချိန်မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သတင်းရရှိသည်။
လျှပ်စစ်မီးပြတ်တောက်နေသည့်မြို့များမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည်။
မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီး တိုင်အမှတ်(၃၅၄) (S)သည် လေပြင်းများတိုက်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခံရမှုကြောင့် Hunger Bolt တစ်ဖက်ပြုတ်ကျနေသည်ကို အရေးပေါ်ထိန်းသိမ်းပြုပြင်မည်ဖြစ်၍ အဆိုပါမြို့များတွင် ယနေ့ အောက်တိုဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီမှ နေ့လယ် ၁ နာရီခွဲအထိ လျှပ်စစ်မီးယာယီပြတ်တောက်ရခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမဟာဓာတ်အားလိုင်းတာဝန်ခံ ဦးသိန်းရွှေက “မြောက်ဦးနားက တိုင်နံပါတ် ၃၅၄ မှာ ကြွေသီးက ပြုတ်ကျတော့မှာ ဖြစ်တဲ့အတွက် အဲဒါကို ပြန်ပြင်မှာပါ။ နေ့ခင်းပိုင်းအချိန် ပြတ်တဲ့အတွက် ပြည်သူတွေ အခက်အခဲတော့ မရှိနိုင်ပါဘူး”ဟု ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ည ၅ နာရီခွဲတွင်လည်း အမ်း-ပုဏ္ဏားကျွန်းလိုင်းရှိ ကွိုင်လောင်သွား၍ ရခိုင်မှ မြို့ ၁၁ မြို့တွင် လျှပ်စစ်မီး ၃ နာရီခန့်အကြာပြတ်တောက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ