ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁
ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် ယနေ့နံနက်မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သတင်းရရှိသည်။
ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်မှစတင်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ပြုပြင်ချိန် ၂ နာရီခန့်ကြာမြင့်မည်ဟု သိရသည်။
အမ်းမြို့နယ်ဓာတ်အားခွဲရုံမှူး ဦးခိုင်စိုးက "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ system breakdown ဖြစ်တာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်တွေ တွဲရတာနဲ့၊ ဆက်ရတာနဲ့ဆိုတော့ ကျွန်တော်တို့ ခန့်မှန်းတာက ၂ နာရီလောက်တော့ ကြာနိုင်တာပေါ့"ဟု ပြောသည်။

ဆက်စပ် သတင်းများ