ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ၃ ရက်ကြာပြတ်တောက်နေသည့် လျှပ်စစ်မီး ပြန်လည်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတစ်မြို့နယ်လုံးတွင် ၃ ရက်ကြာပြတ်တောက်နေသည့် လျှပ်စစ်မီးသည် ယခုအခါ ပြန်လည်ရရှိနေပြီဟု သိရသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက် ညဥ့် ၁ နာရီခွဲခန့်မှစတင်ကာ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သော်လည်း ညဥ့် ၃ နာရီခန့်တွင် ပြန်လည်ပြတ်တောက်သွားကာ ယခု နံနက် ၁ဝ နာရီကျော်တွင် ပြန်လည်ရရှိနေပြီဟု ကျောက်ဖြူမြို့နယ်၊ ကုန်ဘောင်ကျေးရွာမှ ဒေသခံကိုထွန်းဝင်းစိုးက ပြောသည်။
“မီးက မနေ့ကည ၁ နာရီလောက်မှာ ပြန်ရတယ်။ ၃ နာရီလောက်မှာ ပြန်ပြတ်တောက်သွားတယ်။ မီးစမ်းတာနဲ့တော့ တူတယ်။ အခု မနက်တော့ ပြန်ရပါပြီ”ဟု ပြောသည်။
ကျောက်ဖြူမြို့ခံတစ်ဦးကလည်း မီးပြန်ရနေသည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ် အုန်းတောကျေရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် မိုးကြီး၍ ကျောက်ဖြူချောင်းမှ ရေတိုက်စားသည့်အတွက် ကျောက်ဖြူမြို့ပေါ်သို့ ဖြန့်ဖြူးထုတ်လွှတ်နေသည့် ဓာတ်မီးတိုင်များသည် ဇူလိုင်လ ၂၂ ရက်၊ ည ၁၀ နာရီအချိန်တွင် ပြိုလဲကျရာမှ ကျောက်ဖြူတစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီးပြန်လည်ထုတ်လွှတ်ပေးနိုင်ရန်အတွက် ဓာတ်မီးတိုင်များပြန်လည်စိုက်ထူမည့်မြေနေရာကို သက်ဆိုင်ရာက မြေပိုင်ရှင်ထံမှ ကာလပေါက်စျေးအတိုင်းဝယ်ယူခဲ့ရသည်ဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။ (NN-12)
ဓာတ်ပုံ - ပြန်လည်စိုက်ထူထားသည့် ဓာတ်မီးတိုင်များအားတွေ့ရစဉ်။
Photo - Kyaukphyu ESE
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ