သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လဝက အရာရှိ ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လဝက အရာရှိ သုံးဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ လဝကလက်ထောက်ညွန်ကြားရေးမှုးဦးတင်မျိုး၊ လဝကလက်ထောက်ဦးစီးမှုးဦးမျိုးဆွေဦး နှင့် လက်ထောက်လဝကဦးစီးမှုးဦးအောင်ဖြိုးကျော်တို့သုံးဦးဖြစ်ကြောင်း လဝက နယူးစ် အေဂျင်စီ ပို့စ်တွင် သတင်း ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ၎င်းလဝက အရာရှီ သုံးဦးသည် ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ၂ နာရီအချိန်တွင် ဘူးသီတောင်မှ တောင်ဘဇားသို့ ထွက်ခွာလာသော ဦးစိုးချေမောင်းနှင်လာသည့်စက်လှေဖြင့် လိုက်ပါလာခဲ့ကြောင်း၊ စက်လှေပေါ်တွင်  ဒေသခံအခြားခရီးသည်(၁၈)ဦးနှင့်အတူ စီးနင်းလိုက်ပါခဲ့ကြောင်း၊ ထိုသို့စီးနင်းလိုက်ပါချိန်တွင် ညနေ  ၃ နာရီ အချိန်ခန့်တွင်  ကျောက်ရစ်ရွာအနီး ကြိုတင်သတင်းရထားပြီး အသင့်စောင့်ဆိုင်းနေသော AA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းဖြင့် ဖော်ပြထားသည်။ 

အမည်မဖော်လိုသူ လဝကနှင့် နီးစပ်သူ ဘူးသီးတောင်ဒေသခံ တစ်ဦးက “ အဖမ်းခံရတာမှန်တယ်။ ဘယ်သူဖမ်းတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ လကဝ အေဒီ ခရိုင်မှူး အဆင့် ရှိသူ တစ်ဦးနှင့် နောက်ထပ် လက်ထောက် လဝကမှူး နှစ်ဦးပါသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေအား ဆက်သွယ်မေးမြန်းရာ အွင်လိုင်းပေါ်တွင် တက်နေသည့် သတင်းများအရ သိရခြင်းသာဖြစ်ပြီး မိမိမှာ နေပြည်တော်တွင် ရှိနေသဖြင့် အသေးစိတ်မသိရှိရသေးကြောင်း ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံအား ဆက်သွယ်မေးမြန်းရာ လဝက အရာရှိ သုံးဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရကြောင်း၊ လဝက လက်ထောက်ညွန်ကြားရေးမှုးမှာ အသစ်ကျလာသူဖြစ်ပြီးလဝက လက်ထောက်နှစ်ဦးမှာ တောင်ဘဇားတွင် တာဝန်ကျနေသူများဖြစ်ပြီး အထက်အရာရှိကို လာရောက်ကြိုဆိုသူများဖြစ်သည်ဟု သိရကြောင်း၊ စက်လှေပေါ်မှ ကျောက်ရစ်နှင့် သံခြွီရွာအနီးမှ ခေါ်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။

AA မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခအား မေးမြန်းရာ ၎င်းအနေဖြင့် ၎င်းသတင်းကို မသိရှိရသေးကြောင်း၊ သိရှိပါက အကြောင်း ပြန်ကြားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရသူ လဝက အရာရှိ သုံးဦးအတွက် မိသားစုများနှင့် လုပ်ဖော်ကိုင်ဘက်များအတွက် အထူး စိုးရိမ်နေကြောင်း သတင်းရရှိသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂၅/ ၂ဝ၁၉









ဆက်စပ် သတင်းများ