သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်လွှတ်တော်ဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်တို့ ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းသစ်ကို ဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

စိုးဇံအောင်
စစ်တွေ၊ နိုဝင်ဘာ ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့တို့သည် လာမည့် လေးနှစ်တာအတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းသစ်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးမင်းဇော်စိုးနှင့် ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mr. Gevorg Sargsyan ဦးဆောင်သည့် အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးခဲ့သည့် အကြောင်းအရာထဲတွင် ရခိုင်ပြည်နယ်၏ အခြေခံစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများ၊ ရေလုပ်ငန်း စီးပွားဖြစ်သည့် ငါး၊ ပုဇွန်၊ သယံဇာတ ရှားပါးမှုအခြေအနေများ၊ နည်းပညာ ဖွံ့ဖြိုးမှုနည်းပါးသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်လာနေမှုစသည်တို့ ပါဝင်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ရခိုင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထား ဆွေးနွေးခဲ့တယ်။ဒေသဖွံ့ဖြိုးရေးအတွက် အပြန်အလှန် ကူညီပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ကိုပေါ့”ဟု ၄င်းက ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ တစ်စတစ်စ လျော့ပါးကျဆင်းနေ သည့်အခြေအနေများ၊ ပြန်လည်ကုစားနိုင်မည့်အခြေအနေများနှင့်ပတ်သက်ပြီးလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်ဟု ပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေကို ကမ္ဘာ့ဘဏ်မှ စောင့်ကြည့်လျက်ရှိနေပြီး ဒေသတွင်း လူတိုင်းလူတိုင်း အကျိုး ခံစားခွင့်ရရှိ စေမည့် ရေတို/ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းများကို ယင်းစိန်ခေါ်မှုများကြားမှ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးပွဲတွင် ပြောခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန် လွှတ်တော်၊ အစိုးရ၊ ပြည်သူ များမှလည်း ဝိုင်းဝန်းကူညီရန် လိုအပ်လျက်ရှိကြောင်း၊ ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မူလတန်းပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့် စီမံကိန်းများလည်း ရှိကြောင်း ကမ္ဘာ့ဘဏ်ဘက်မှ ပြောခဲ့သည် သိရသည်။

-----------------------------

Unicode:

ရခိုငျလှှတျတျောဥက်ကဋ်ဌနှငျ့ ကမ်ဘာ့ဘဏျကိုယျစားလှယျတို့ ဒသေဖှံ့ဖွိုးရေးမဟာဗြူဟာစီမံကိနျးသစျကို ဆှေးနှေး









ဆက်စပ် သတင်းများ