သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

NLD အမတ်က NLD ဦးဆောင်သည့်ရခိုင်ပြည်နယ်အစိုးရကို လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်ရန် အဆိုတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 519

နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/၂ဝ၁၉

သံတွဲမဲဆန္ဒနယ်အမှတ်(၂) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက NLD ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရကို ရခိုင်စစ်ပွဲအတွင်း ထိခိုက်နစ်နာနေသူများကို လူသားချင်းစာနာမှုအကူအညီပေးရန် တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ယမန်နေ့က တင်သွင်းခဲ့သည်။

NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက “နှစ်ဖက်တိုက်ပွဲတွေကြားမှာ အရပ်သားများ သေဆုံး၊ ဒဏ်ရာရတာနဲ့ အဖမ်းအဆီးခံနေရတာကိုလည်း စိတ်မကောင်းဖွယ်ကြားနေရတယ်။ သံသယနဲ့ ဖမ်းဆီး ခံရသူတွေထဲက ပြစ်မှုမခိုင်လုံတဲ့အတွက် ပြန်လွတ်လာသူတွေရှိတဲ့ အတွက် သေချာစစ်ဆေးစိစစ်ပြီးမှ ဖမ်းဆီး တရားစွဲဆိုသင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ဖမ်းဆီးခံရသူအတွက် ထိခိုက်နစ်နာတယ်။ မတော်တဆ စစ်ဆေးနေတုန်း လက်လွန်သွားရင် သူတို့အသက်တွေပါ ဆုံးရှုံးသွားနိုင်တယ်” ဟုပြောသည်။
 
ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ထိုအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းအဆိုကို ဆွေးနွေးရန် အတွက် မြေပုံ အမှတ်(၂) မဲဆန္ဒနယ်မြေ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသောကြောင့် ၂ဝ၂ဝ ဇန်နဝါရီ ၂ရက်နေ့တွင် ဆက်လက် ဆွေးနွေးရန်အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အပြစ်မဲ့သေဆုံးသွားသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ၊ ဒဏ်ရာရသူများနှင့် ဖမ်းဆီးတရားစွဲခြင်းကိုခံရသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ လူသားချင်းစာနာမှု အကူအညီ များကို အရင်ကထက်ပို၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်ကြောင်း အဆိုရှင်က ရခိုင်ပြည်နယ် လွှတ်တော်တွင် ပြောကြားသည်။
 
ရခိုင်ပြည်နယ်မှတိုက်ပွဲများကြားတွင် သေဆုံး၊ ဒဏ်ရာရသူများမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကျောင်းသူ/ သားများစသည့် အပြစ်မဲ့အရပ်သားများပါဝင်နေသည့်အတွက်လည်း စိတ်မကောင်းဖြစ်ရပြီး ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အမြန်ဆုံးအကူအညီပေးသင့်သည် ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားသည်မှာ တစ်နှစ်ပြည့်တော့မည့်ဖြစ်ပြီး စစ်ပွဲများကြောင့် ထွက်ပြေးရသူ စစ်ဘေးရှောင် ပြည်သူ တစ်သိန်း နှစ်ထောင်ခန့် ရှိနေကြီး တိုက်ပွဲအတွင်း သေဆုံးရသူ  အရပ်သား ၁ဝ၁ ဦး၊ ဒဏ်ရရသူ ၁၃ဝ ကျော်နှင့် ဖမ်းဆီးတရားစွဲခံရသူ ၃ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်း ရခိုင်မျိုးနွယ်စု အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နိရဥ္စရာသို့ထုတ်ဖော်ပြောဆိုသည်။

------------------------

Unicode

 
နိရဉ်စရာ၊ ဒီဇငျဘာ ၃၁/၂ဝ၁၉ 
 

 


 
 

ဆက်စပ် သတင်းများ