ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

လွှတ်တော် ပညာရေးကဏ္ဍဆွေးနွေးရာတွင် စာသင်ကျောင်းများ၌ တပ်မစွဲရန် ထည့်သွင်းပြောဆိုသူ ဒေါ်ခင်စောဝေ ကန့်ကွက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

နီးမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၆/၂ဝ၂ဝ

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပညာရေးကဏ္ဍအကြောင်းဆွေးနွေးရာ၌ စာသင်ကျောင်းများတွင် တပ်မစွဲရန် ထည့်သွင်းပြောဆိုသူ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အစီရင်ခံစာအပေါ်မှာ ရခိုင်ပြည်နယ်မှာ စာမသင်ရတဲ့ ကလေးတွေလည်း အများကြီးရှိတယ်။ အဲဒါကို လေ့လာ စုံစမ်းသင့်တယ်လို့ ပြောတယ်။  နောက်ပြီး ကျောက်တန်းကျေးရွာမှာ တပ်စွဲထားလို့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒီကတည်းက ကျောင်းပိတ်ထားတာ အခုထိတောင် ကျောင်းပြန်မဖွင့်နိုင်သေးဘူး။ အဲဒီ ကျောင်းမှာတက်နေတဲ့ ရွာပေါင်း ၄၁ ရွာက ကျောင်းသား တစ်ထောင်ကျော်ဟာ စာမသင်ရဘူး။ ဒါကြောင့် နောက်နောင်မှာ စာသင်ကျောင်း တွေကို တပ်မစွဲဖို့ တိုက်တွန်းအပ်ပါတယ်လို့ ပြောခဲ့တယ်”ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။
 
၄င်းဆွေးနွေးတင်ပြမှုနှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စု နည်းဥပဒေအရ ပြဌာန်းထားသည့် ဥပဒေအရ မသက်ဆိုင်သော အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးခွင့် မရှိဟု ပြောဆိုကာ လွှတ်တော်ထဲ၌ ဆွေးနွေးနေစဉ် ကန့်ကွက်ခဲ့သည်။

၄င်းဆွေးနွေးချက်ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တင်သွင်းသည့် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောဆိုသည်။

စစ်ဘေးရှောင်ဟု သုံးနှုန်းသည့်အပေါ်တွင်လည်း တိုက်ပွဲရှောင်ဟု သုံးရမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက် ပြောဆိုခဲ့သည်ဟု သိရသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်က တင်သွင်းသည့် အစီရင်ခံစာတွင် သဘာဝဘေး အန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားသည့်ဒေသများမှ ကလေးများကို ကူညီပေးနိုင်မည့် အချက်အလက်များ ပါဝင်သည်ဟု သိရသည်။

-----------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၆/၂ဝ၂ဝ

 
 




ဆက်စပ် သတင်းများ