စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အီဂျစ်သမ္မတဟောင်း မူဟာမတ်မော်စီ တရားရုံးကြာနာမှုအပြီး ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 518


နိရဥ္စရာ၊ ဇွန်လ ၁၈/ ၂ဝ၁၉


ပိတ်ပင်ထားသည့် မွတ်စလင်ညီနောင်များအဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ယခင်အီဂျစ်သမ္မတဟောင်း မူဟာမတ် မော်စီ (Mohamed Morsi) သည် တရားရုံကြားနာမှု အပြီးတွင် လဲကျ သေဆုံးသွားခဲ့သည်။


၎င်းသည် တနင်္လာနေ့က ပြုလုပ်သည့်  ပါလက်စတိုင်း အုပ်စု ဟာမတ်စ် Hamas နှင့်သံသယရှိဖွယ် ဆက်သွယ်မှုဆိုင်ရာ သူလျှို လုပ်မှုစွဲချက်အတွက် လျှောက်လဲချက် ပေးခဲ့ပြီး နောက် ချက်ချင်းဆိုသလို တရားရုံးအတွင်းရှိ တရားခံများ စကားပြောရာ လှောင်အိမ်ထဲတွင် ပြိုလဲကျသွားခဲ့ကြောင်း၊  ဆေးရုံကို အရေးပေါ် ခေါ်ဆောင် သွားခဲ့သော်လည်း  ဆေးရုံအရောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅ဝ မိနစ်တွင် သူသေဆုံးသွားကြောင်း အစိုးရရှေ့နေကိုကိုးကားပြီး သတင်းများတွင် ဖော်ပြထားသည်။


ကနဦးစစ်ဆေးမှုများအရ သူ့ခန္ဓာကိုယ်ပေါ်တွင် မကြာသေးခင်က ရရှိသည့် ဒဏ်ရာ ဒဏ်ချက်များရှိသည့် လက္ခဏာမပြသခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။


မော်စီသည်  ၂ဝ၁၃ ခုနှစ်က စပြီး အကျဉ်းကျခံခဲ့ရပြီး အီရန်နှင့် ကာတာနိုင်ငံများအတွက် သူလျှိူလုပ်မှုနှင့် ၂ဝ၁၂ ခုနှစ်မှာ သူ့ကို ဆန့်ကျင် ဆန္ဒပြသူတွေကို သတ်ဖြတ်မှုစသည့် စွဲချက်ပေါင်း များစွာနှင့် ရင်ဆိုင်နေခဲ့ရသူ ဖြစ်သည်။


မော်စီသည် ကွယ်လွန်ချိန်တွင် အသက် ၆၇ ခုနှစ် ရှိပြီဖြစ်သည်။


မွတ်စလင်ညီအကိုများ အဖွဲ့မှ သမ္မတဟောင်း မော်စီသေဆုံးမှုကို "အပြည့်အဝ လူသတ်မှု"  အဖြစ် ဖော်ပြလိုက်ပြီး အီဂျစ်ပြည်သူများအား သူ့အသုဘတွင် စုရုံးကြရန်နှင့် နိုင်ငံတကာရှိ အီဂျစ်သံရုံးများရှေ့တွင် စုရုံးကြရန် ဆော်သြထားသည်။


သမ္မတဟောင်း Morsi အား  ၂ဝ၁၃ ခုနှစ်တွင် အီဂျစ် စစ်တပ်မှ အာဏာသိမ်း ဖမ်းဆီးပြီးနောက် သူ့၏ မူဆလင် ညီနောင်များ ပါတီကိုလည်း တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံခဲ့ရသည်။


Ref: Egypt's ousted Islamist president Mursi dies after court hearing

ဆက်စပ် သတင်းများ