သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေပင်လယ်ပြင် ငါးဖမ်းစက်လှေတစ်စီးနစ်မြုပ်၊ ငါးဖမ်းသမား ၁ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 8.1k

နိရဥ္စရာ၊ ဇွန် ၂၅


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဘက်ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေတစ်စီးနစ်မြုပ်၍ ငါးဖမ်းသမား တစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။


၎င်းငါးဖမ်းစက်လှေသည် ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ဗေဒါကျေးရွာမှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာခဲ့ရာ ၎င်းကျေးရွာ၏ အနောက်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာ ပင်လယ်ဝအရောက်၌ လှိုင်းကြီး၍ စက်လှေတိမ်းမှောက်ခဲ့သည်ဟု သိရသည်။


နစ်မြုပ်ချိန်တွင် စက်လှေပေါ်တွင် စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာနေ ပဲ့နင်း  အလီဂျူဟာရ်(၃ဝ)နှစ်နှင့် တစ်ရွာတည်းနေ ရေလုပ်သား ၅ ဦး၊ စုစုပေါင်း ၆ ဦး ပါရှိသည်ဟု သိရသည်။


အလီဂျူဟာရ်ပါ  ငါးဖမ်းသမား ၅ ဦးမှာ ရေကူးလွတ်မြောက်ခဲ့ပြီး အဒူရှည် (၂၂) နှစ်မှာ ရေနစ် ပျောက်ဆုံးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။


နစ်မြုပ်သွားသည့် စက်လှေအား ဗေဒါကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာကမ်းစပ်၌ သောင်တင်လျက်တွေ့ရှိရပြီး ရေနစ်ပျောက်ဆုံးလျက်ရှိသည့် အဒူရှည် အား တာဝန်ရှိသူများမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။


(သတင်းရင်းမြစ်- ရဲဇာနည်)

ဆက်စပ် သတင်းများ