ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးအပြောင်းအလဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ ဇူလိူင် ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် အပြောင်းအလဲဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီးဖုန်းတင့်က “အပြောင်းအလဲ ဖြစ်တာမှန်ကန်ပါတယ်။ ဗိုလ်မှူးကြီးမင်းသိုက်က ကျွန်တော်နေရာမှ ဝင်ရောက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ကျွန်တော်က ဘယ်နေရာဆိုတာတော့ ပြောလို့မရသေးဘူး။ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်သွားရမှာပေါ့” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယခု အပြောင်းလဲသည် ရခိုင်စစ်ဆင်ရေးအား ကွပ်ကဲနေသူမှာ  ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း နေရာအား ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိ်န်ကို ပြောင်းလဲတာဝန်ပေးလိုက်ပြီးနောက်ထပ် အပြောင်းအလဲကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်သည် ၂ဝ၁၇ ခုနှစ် ဇူလိူင် ၁၇ ရက်နေ့တွင်ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးထိန်းလင်း၏ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး နေရာတွင် တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်ပြီး ၂ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် တာဝန်မှ အပြောင်းအလဲ ဖြစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ