ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးမြို့ နန်းရာကုန်းတွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

သိန်းဇော်( မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်မှ အထင်ကရ နေရာတစ်ခုဖြစ်သည့် မြောက်ဦးမြို့ နန်းရာကုန်း ဒုတိယထပ်တွင် လက်လုပ်မိုင်းတစ်လုံးကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

နန်းရာကုန်း ဒုတိယထပ် အရှေ့တောင်ဘက် အထက ကျောင်းဟောင်းအနီးတွင် နံနက် ၉နာရီခန့်က တွေ့ရှိရခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေး ဦးဝင်းမောင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ တွေ့တာက အရပ်သားတစ်ယောက်တွေ့တာပါ။ ဘယ်အချိန်လောက်ကျမလဲ။ ကျနော်တို့သတင်းတင်လိုက်တာက ၁ဝနာရီဝန်းကျင်ကတင်လိုက်တာပါ။ ဘယ်သူထောင်တယ်ဆိုတာကို တော့ မပြောနိုင်ဘူး။ အဲဒီ မိုင်းတွေ့တာကို  ရဲကိုလည်းအကြောင်းကြားတယ်။ တပ်ကိုလည်းအကြောင်းကြားတယ်။ အခုအဲဒီမိုင်းကိုတပ်က ဖော်သွားတယ်လို့ သိရပါတယ်” ဟု ဦးဝင်းမောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ ရှေ့ဟောင်းသုတေသနဌာန သို့ ဆက်သယ်မေးမြန်းခဲ့ရာ ရှေ့ဟောင်းသုတေသနမှ ဦးစီးမှူး ဒေါက်တာသန်းထိုက်က “ မိုင်းတွေ့တာဟုတ်ပါတယ်။ တွေ့တဲ့အချိန်က နံနက်ပိုင်း ရုံးတက်ချိန်လောက်ကတွေ့တာပါ။ မိုင်းက နင်းမိုင်းလို့သိရပါတယ်။ ဘယ်သူတွေထောင်တယ်ဆိုတာမသိဘူး” ဟု ပြောသည်။

ဆက်လက်ပြီး ဒေါက်တာ သန်းထိုက်က နန်းရာကုန်းလို့ မဟုတ်။ တခြားမည်သည့် ရှေ့ဟောင်းယဉ်ကျေးမှူးနယ်မြေအတွင်း ထိုသို့ပြုလုပ်ခြင်းမှာ မသင့်တော်ကြောင်း ပြောကြားသည်။

ဓာတ်ပုံ - Thein Win   facebook

ဆက်စပ် သတင်းများ