သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်မှကျေးရွာကြီး ၂ရွာကို မြို့အဖြစ်တိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 750

နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂ဝ၁၉

ရခိုင်ပြည်နယ်မှ ကျေးရွာကြီး ၂ ရွာကို မြို့အဖြစ် တိုးမြှင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်ရုံးသို့ ပို့ပေးသည့် စာတွင် ဖော်ပြသည်။

၎င်းကျေးရွာကြီး ၂ ရွာမှာ ရမ်းဗြဲမြို့နယ်မှ လေးတောင်နှင့် တောင်ကုတ်မြို့နယ်မှ တန်းလွဲရွာမ တို့ ဖြစ်ကြသည်။

ရမ်းဗြဲမြို့နယ်မှ လေးတောင်မြို့တွင် ရပ်ကွက် (၅) ရပ်ကွက် ပါဝင်မည် ဖြစ်ပြီး ၎င်းရပ်ကွက်ထဲတွင် ပါဝင်မည့် ကျေးရွာ အုပ်စု(၃) စုနှင့် ကျေးရွာ (၁၆) ရွာတို့ကို ပယ်ဖျက်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

တောင်ကုတ် မြို့နယ်မှ တန်လွဲရွာမတွင် ရပ်ကွက် (၆) ရပ်ကွက်ပါဝင်မည် ဖြစ်ပြီး ၎င်းရပ်ကွက်ထဲတွင် ပါဝင်မည့် ကျေးရွာအုပ်စု(၁) အုပ် စုနှင့် ကျေးရွာ (၄) ရွာတို့ကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

၎င်းစာအား ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးမှ ပေးပို့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ