သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

Green Networkမှ စစ်တွေတွင် သန့်ရှင်းရေးပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၆/၂ဝ၁၉

Green Network မှ စစ်တွေရှိ ဘုရားကြီးဘေးပတ်လည်အား ယနေ့နံနက်ပိုင်းက ကုသိုလ်ဖြစ် အမှိုက်များ စုပေါင်းကောက်ပြီး သန့်ရှင်းရေး ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ဝါကျွတ်ပွဲ၊ တန်းဆောင်တိုင်ပွဲများ ရောက်လာတော့မည် ဖြစ်သည့်အတွက် ဘုရားကြီးပတ်ဝန်းကျင်အား သန့်သန့်ရှင်းရှင်း ဖြစ်စေချင်သည့်အတွက် ထိုသို့ သန့်ရှင်းရေး ပြုလုပ်ရခြင်းဖြစ်သည်ဟု Green Networkမှ ကိုမိုးကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောပါတယ်။

“ကျနော်တို့အရင်တုန်းကလည်း Green Network မဖြစ်ခင်က ဘုရားကြီးပတ်ဝန်းကျင်ကို စိမ်းပြာအနေနဲ့လည်း လုပ်ဖူးပါတယ်။ နောက်ပြီးတော့ အဝေးသင်တကက္ကသိုလ် ကျောင်းသားလူငယ်များနှင့်လည်း တစ်နှစ် လုပ်ဖူးပါတယ်။ အခုလိုလုပ်တာက ဒီလိုအထင်ကရနေရာတွေကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်လို့ပါ” ဟု ကိုမိုးကျော်က ပြောသည်။

ဘုရားကြီး ဘေးပတ်လည်အား သန့်ရှင်းရေးကို Green Network မှ လူငယ်များက စုစုပေါင်းပြီး ပြုလုပ်ကြခြင်းဖြစ်ပြီး ထိုသို့သန့်ရှင်းရေး လုပ်ပေးလိုက်ခြင်းအားဖြင့် အများအမြင်လည်းတင့်တယ်သလို မြို့အင်္ဂါရပ်နှင့်လည်း ပြည်စုံစေကြောင်း Green Network လူငယ်များက ပြောသည်။

ဆက်စပ် သတင်းများ