စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လေယာဉ်ဆင်းချိန် ကျောက်ဖြူလေယာဉ်ကွင်းထဲ လူကျွဲနွားဖြတ်သန်းနေ၍ မြန်မာ့လေကြောင်း လေယာဉ်မဆင်းနိုင်ဘဲ ပြန်တက်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 891

နိရဉ်စရာ၊ အောကျတိုဘာ ၂၄ / ၂ဝ၁၉


 
 




ဓာတျပုံ - ကိုစံမွတျရှှေ

------------------------------------

လေယာဉ်ဆင်းချိန် ကျောက်ဖြူလေယာဉ်ကွင်းထဲ လူကျွဲနွားဖြတ်သန်းနေ၍ မြန်မာ့လေကြောင်း လေယာဉ်မဆင်းနိုင်ဘဲ ပြန်တက်ခဲ့ရ

နီမင်းထွန်း
နိရဥ္စရာ၊ အောက်တိုဘာ ၂၄ / ၂ဝ၁၉

မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကျောက်ဖြူမြို့လေဆိပ်သို့ ဆင်းသက်ရာတွင် လေယာဉ်ကွင်းအတွင်း အန္တရာယ်ရှိသည့်အတွက် မဆင်းနိုင်ဘဲ ပြန်တက်သွားခဲ့ရသည်ဟု သိရသည်။

အဆိုပါလေယာဉ်သည် ကျောက်ဖြူလေဆိပ်သို့ ဆင်းသက်လာချိန်တွင် လေယာဉ်ကွင်းအတွင်း အရပ်သားများ နှင့် ခွေး ၊ နွားများ ဖြတ်သန်း သွားလာနေပြီး ထိခိုက်မှုများဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ ပြန်တက်ခဲ့ရခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။
 
“လေယာဉ်က ဆင်းလာပြီးမှ ပြန်တက်သွားတယ်။ ဘာကြောင့်လဲလို့ မေးကြည့်တော့ လေယာဉ်ကွင်းမှာ အရပ်သားတွေ ၊ ခွေးတွေ ၊ နွားတွေ ဖြတ်သွားနေတာတွေရှိတယ်။ ဒါကြောင့် ထိခိုက်သွားနိုင်လို့ အန္တရာယ်ကိုရှောင်ပြီး ပြန်တက်သွားတာဖြစ်တယ်လို့ သိရတယ် ”ဟု ဦးဖိုးစံက နိရဥ္စရာသတင်းဌာနကိုပြောသည်။
 
ကျောက်ဖြူလေယာဉ်ကွင်းကို ကျောက်ဖြူမြို့ တောင်ရင်းရပ်ကွက် ၊ တိုးချဲ့ရပ်ကွက်နှင့် စေတီယျကျေးရွာတို့ အကြားတွင် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ အရပ်သားများသွားလာနေမှုများ ရှိနေခြင်းဖြစ်သည် ဟုလည်း မြို့ခံများက ပြောသည်။

ကျောက်ဖြူမြို့ဒေသခံ လူမှုရေးဆောင်ရွက်နေသူ ကိုထွန်းကြည်က “အခုလို အန္တရာယ်တွေမဖြစ်ဖို့ လေယာဉ်ကွင်း အင်္ဂါရပ်နဲ့ ညီအောင် ဆောင်ရွက်ပေးဖို့လိုတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ကျောက်ဖြူမြို့ကို မြေနေရာတိုးချဲ့ရန်လိုအပ်နေပြီး လေဆိပ်ကိုလည်း ရပ်ကွက်ကြားတွင် မတည်ဆောက်ဘဲ မြို့အနီးတွင်ရှိသော မြေလွတ်များတွင်သာ ဆောက်လုပ်ပေးသင့်ကြောင်း၊ လက်ရှိ လေဆိပ်တွင်လည်း လေဆိပ်ခြံစည်းရိုးများကို လုံခြုံအောင် ကာရံသင့်သည်ဟုလည်း မြို့ခံများက ဆိုသည်။

ကျောက်ဖြူမြို့လေဆိပ်တွင် ခြံစည်းရိုးများ ပေါက်ပြဲနေမှုများနှင့် အရပ်သားများ သွားလာရန်အတွက် လေယာဉ်ကွင်း ပတ်လမ်း ဆောက်လုပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်မှတဆင့်  ရခိုင်ပြည်နယ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်တွင်မူတည်၍ ဆောက်လုပ်ပေးမည်ဟုသာ ပြောခဲ့သည်ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။

ဓာတ်ပုံ - ကိုစံမြတ်ရွှေ

ဆက်စပ် သတင်းများ