သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ကမ်းလွန်ရှိ A-6 သဘာဝဓာတ်ငွေ့သိုက်ကြီးကို မကြာမီတူးဖော်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

နိရဉ်စရာ၊ အောကျတိုဘာ ၂၄ / ၂ဝ၁၉








Source: 7 Day Daily (October 21, 2019)

---------------------------------------------

ရခိုင်ကမ်းလွန်ရှိ A-6 သဘာဝဓာတ်ငွေ့သိုက်ကြီးကို မကြာမီတူးဖော်မည်

နိရဥ္စရာ၊ အောက်တိုဘာ ၂၄ / ၂ဝ၁၉

ရခိုင်ကမ်းလွန်တောင်ပိုင်းရှိ A-6 သဘာဝဓာတ်ငွေ့သိုက်ကြီးကို မကြမီ တူးဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့က ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်လုပ်ငန်း ဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်းနှင့် ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်လုပ်ငန်း ညှိနိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် နိုင်ငံခြားသားများနှင့် ပူးတွဲလုပ်ကိုင်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်ရန် ဝန်ကြီးကတိုက်တွန်းသည်။

ထိုစီမံကိန်းမှ ၂ဝ၂၃ ခုနှစ်တွင် သဘာဝဓာတ်ငွေများကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောဆိုသည်။

၎င်းသဘာဝ ဓာတ်ငွေ့သိုက်ကြီးကို ပြင်သစ်ရေနံကုမ္ပဏီ Total နှင့် သြစတြေးလျ ရေနံကုမ္ပဏီ woodside တို့က တွေ့ရှိထားကြောင်းကို ၂ဝ၁၈ စက်တင်ဘာလ က ကြေညာခဲ့သည်။

အဆိုပါ လုပ်ကွက် A-6 သည် ပုသိမ်မြို့ အနောက်မြောက်ဘက်မှ မိုင် ၆ဝ ကျော် ပင်လယ်ကမ်းလွန်တွင်ရှိပြီး လုပ်ကွက်အတွင်း သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်ရေး ငါးတွင်းတူးဖော်ရာ အားလုံးအောင်မြင်ခဲ့သည်ဟု သိရသည်။

ထို A- 6 လုပ်ကွက်ကို သြစတြေးလျ ရေနံကုမ္ပဏီ woodsideနှင့် ပြင်သစ်ရေနံကုမ္ပဏီ Total တို့က ၄ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး ပြည်တွင်းမှ MPRL  E&P ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု သိရသည်။


Source: 7 Day Daily (October 21, 2019)

ဆက်စပ် သတင်းများ