သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် စပါးရိတ်သိမ်းရန်ခက်ခဲနေသည့် လယ်သမားများကူညီတောင်းလာပါက ဆောင်ရွက်ပေးမည်ဟု ပြည်နယ်အစိုးရပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းက လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် မှည့်နေသည့် စပါများကို ရိတ်သိမ်းရန်  အမှန်တကယ် အခက်အခဲဖြစ်နေကြောင်း ပြည်နယ်အစိုးရအား လာရောက် အကူအညီ တောင်းခံပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က နိရဥ္စရာသတင်းဌာကို ပြောသည်။
 
“တောင်သူတွေက ကျနော်တို့ဆီကို တရားဝင်လာရောက်ပြီးတော့ စုဝေးတင်ပြထားတာတော့မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တို့၊ အသိမိတ်ဆွေနဲ့ ဆွေးနွေဖြစ်တာတော့ရှိတယ်။ ကိုယ့်ဒေသက တောင်သူတွေမှာ အခက်အခဲ ရှိနေတယ်ဆိုတာကို ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ သိပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဘယ်လို ကူညီပေးရမလဲ ဆိုတဲ့စိတ်နဲ့ သွားနေတာပါ။ ဒေသခံတောင်သူတွေကသာ စပါးရိတ်သိမ်းဖို့ အမှန်တကယ် အခက်အခဲရှိတယ်ဆိုရင် ကျနော်တို့ကို ကူညီတောင်းလာရင်  မြန်မာနိုင်ငံဆန်စပါးအသင်းနဲ့ ချိတ်ဆက်ပေးလို့ရပါတယ်” ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။
 
 ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ လယ်သမားတစ်ယောက်ဖြစ်သည့် ဦးအေးမောင်က တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် စပါးရိတ်သိမ်းချိန်တန်သော်လည်း အသက်အန္တရာယ်ကို စိုးရိမ်နေရသည့် အခြေအနေဖြစ်သောကြောင့် မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေသဖြင့် တာဝန်ရှိသူတွေအနေဖြင့် ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောသည်။
 
“ ကျနော်တို့မှာ စိုက်ပျိုးထားတဲ့စပါးတွေ မှည့်တဲ့ဟာတွေမှည့်ပြီး ရိတ်သိမ်းချိန်တန်နေပြီ။ အဲဒါကြောင့် ကျနော်တို့ ကိုယ်စပါးကိုကိုယ် ရိတ်သိမ်းနိုင်အောင်အတွက် ကူညီပေးမှပဲ ကျနော်တို့ရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်။ အဟုတ်ရင်တော့ ပြည်သူတွေစားဝတ်နေရေးအခက်အခဲဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
 
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တက်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်  နီးပါးဖြစ်နေပြီဖြစ်သည်။

ယခုကဲသို့ တိုက်ပွဲဖြစ်ပွားနေမှု အပါအဝင် ဒေသမတည်ငြိမ်မှုကြောင့် ဘူးသီးတောင်၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ် အတွင်း စပါးမစိုက်ပျိုးနိုင် လယ်မြေ ဧကမှာ ယခုနှစ်စိုက်ပျိုးရာသီတွင် ဧက  (၂) သိန်းခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

(Photo/ Myanmar Times)

---------------------------

Unicode:

 
နိရဉ်စရာ၊ နိုဝငျဘာ ၁၅/ ၂ဝ၁၉
 
 
 
 
 
 



ဆက်စပ် သတင်းများ