ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်လူမျိုး မြန်မာသမိုင်းပညာရှင် စာရေးဆရာမကြီး ဒေါ်ကြန်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၁၈/၂ဝ၁၉

အသက် (၁ဝ၂)နှစ်အရွယ် ရခိုင်လူမျိုး၊ မြန်မာသမိုင်းပညာရှင် စာရေးဆရာမကြီး ဒေါ်ကြန်သည် နိုဝင်ဘာလ ၁၆ ရက် ည ၈ နာရီခန့်က ရန်ကုန်မြို့ရှိ သူ၏ နေအိမ်၌ကယ်လွန်သွားခဲ့သည်။

ဆရာမကြီးကို  ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် ၁၉၁၈ ခုနှစ် ဇူလိုင်လက မွေးဖွားခဲ့သည်။ အဖ ဦးကျော်ထွန်း နှင့် အမိ ဒေါ်ငွေနှစ်တို့ ဖြစ်ပြီး အမည်ရင်းမှာ ဒေါ်မကြန်ဖြစ်သည်။ ၁၉၃၅ ခုနှစ်တွင် သံတွဲမြို့ အစိုးရ အထက်တန်း ကျောင်းမှ ၁ဝ တန်းကို အောင်မြင်ခဲ့ရာ ထိုစာသင်ကျောင်း၌ပင် အလယ်တန်းပြဆရာမအဖြစ် ဝင်ရောက်လုပ် ကိုင်ခဲ့သည်။

ဆရာမကြီးသည် စစ်တွေစာတိုက်နှင့် သံတွဲစာတိုက်တို့တွင်လည်း အထက်တန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် အလုပ်ကထွက်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာ ဆက်လက်သင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အထူးတန်းအခွင့်အရေးရပြီး (၃)နှစ် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ကာ အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် သမိုင်းသုတေသနဦးဌာနတွင် အလုပ်လုပ်ရင်း မဟာဝိဇ္ဇာတန်းကို တက်ရောက်ခဲ့သည်။၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အကြီးတန်းသုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ့သမိုင်း အထောက်အထားကူးယူ စုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာမကြီးသည် နိုင်ငံသမိုင်း သုတေသနစာတမ်း ကြီးငယ်နှင့် သမိုင်းဆောင်းပါးများကို မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားခဲ့ပြီး ပဒေသရာဇ်မြန်မာနိုင်ငံဇာတ်သိမ်း(၁၉၈၁)၊မြန်မာနိုင်ငံအခြေအ နေ(၁၈၈၅-၈၆)၊ သမိုင်းရှာပုံတော် ခရီးနှင့် အခြားစာတမ်းများ(၂ဝဝ၂)၊မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၉၇)၊ ကိုလိုနီခေတ်ဦးကျေးရွာအုပ်ချုပ်ရေး(၂ဝဝ၅) စသည့်စာအုပ်များဖြင့် အမျိုးသားစာပေ(သုတဝိဇ္ဇာ) ဆုကို ရရှိခဲ့သည်။၂ဝဝ၆ ခုနှစ်တွင် နိုင်ငံတော်က ဝိဇ္ဇာပညာ ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို ရရှိခဲ့သည်။၂ဝဝ၉ ခုနှစ်တွင် ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ စာအုပ် အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတော်က စည်သူဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဆရာမကြီးသည် ကွယ်လွန်ချိန်တွင် အသက် (၁ဝ၂)နှစ်ရှိပြီး မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး သမိုင်းပညာရှင် စာရေးဆရာမကြီး ဖြစ်သည်။ဆရာမကြီး၏  နာရေးအခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်၌ ပြုလုပ်မည်ဟု သိရသည်။

ဆရာမကြီးကွယ်လွန်သွားခြင်းအတွက် ပြည်သူများ၊မိသားစုဝင်များနှင့် ထပ်တူ နှမြောဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

----------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၁၈/၂ဝ၁၉








ဆက်စပ် သတင်းများ