သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် လမ်းမကြီးလမ်းအပါအဝင် လမ်း (၃)လမ်းကို တစ်လမ်းမောင်းစနစ်ပြုလုပ်ရန်စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လမ်းကျဉ်းပြီး ယာဉ်အသွားအလားများ ရှုပ်ထွေးသဖြင့် လမ်းမကြီး အပါအဝင် အထင်ကရ လမ်းသုံးလမ်းကို တစ်လမ်းမောင်း စနစ်ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် စစ်တွေမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ညှိနှိုင်းဆွေးနွေး သဘောထား ရယူရေး အခမ်းအနားတွင် တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းလမ်းများ သတ်မှတ် ဆောင်ရွက် နိုင်ရန် အတွက် အစီအစဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောဆိုသွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေဝန်ကြီး ဦးအောင်ကျော်ဇံက
 “စစ်တွေမြို့မှာ ယာဉ်အသွားအလာက တအားရှုပ်တယ်။ ပြီးတော့ ယာဉ်ထိခိုက်သေဆုံး ဒဏ်ရာ ရမှုတွေကလည်း တဖြေးဖြေးနဲ့များလာတယ်။ အဲဒါတွေကို လျှော့ချဖို့အတွက် စစ်တွေမြို့ပေါ်မှာ လမ်းမကြီးနဲ့ မင်းဘာကြီးလမ်းကို အခြေခံပြီး တစ်လမ်းမောင်းစနစ်လုပ်ဖို့ စီစဉ်နေပါတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ကျောင်းကြီးလမ်းကိုလည်း တစ်လမ်းမောင်းလုပ်သွားရန်အစီအစဉ်ထဲတွင် ထည့်သွင်းထားသည်ဟု သိရသည်။ သို့ရာတွင် ထိုသို့တစ်လမ်းသွားလုပ်မည်ဆိုပါ မင်းဘာကြီးနှင့် ကျောက်ကြီးလမ်းကို အဆင့်မြင့်တင်ရန် လိုအပ်နေသည်ဟု မြို့ခံများက ပြောဆိုသည်။

၄င်းတစ်လမ်းမောင်းလုပ်ငန်းစဉ်သည်  ယာဉ်အန္တာရာယ်၊ လမ်းအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက် သေဆုံးမှုများကို လျှော့ချရေးအစီအစဉ်ဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆက်ပြောခဲ့သည်။

စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့မှ အတွင်းရေးမှူး ဦးကိုကိုလေး “ ဒီ တစ်လမ်းသွား နှစ်လမ်းသွား လုပ်မယ့် ဥစ္စာကို ပြည်သူတွေကတော့ တော်တော်ကြီးသဘောကျကြပါတယ်။ အဲဒါကို အရင်တုန်းကလည်း တင်ပြထားတာရှိတယ်။ တစ်လမ်းသွား နှစ်လမ်းသွားလုပ်လိုက်ရင် ယာဉ်အန္တရာယ်ကင်းရှင်းတာရယ် စည်းကမ်းပိုင်းဆိုင်ရာတွေ ကောင်းလာမယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခု စစ်တွေမြို့တွင် မောင်းနှင်နေသည့် ယာဉ်မောင်းများသည် ယာဉ်ရပ်ရန်သတ်မှတ်ထားသည့် နေရာများကိုမသိကြဘဲ ရပ်နေကြည့်အတွက် ၄င်းကိစ္စများကိုလည်း လုပ်ပေးသင့်သည်ဟု ၄င်းကဆက်ပြောခဲ့သည်။

၄င်းတစ်လမ်းသွား နှစ်လမ်းသွားလုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဟု သိရသည်။

---------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၉/၂ဝ၂ဝ
















ဆက်စပ် သတင်းများ