သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေဆေးရုံကြီးတွင် အောက်ဆီဂျင် ဂတ်စ်အိုးပေါက်ကွဲသည်ဟုဆိုကာ ရုတ်ရုတ်သဲသဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ရှိ ကုတင် ၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁ဝ ရက်  နံနက်ပိုင်းက အောက်ဆီဂျင် ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်သည်ဟုဆိုကာ ဆေးရုံအတွင်း ရုတ်ရုတ် သဲသဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ဆေးရုံကြီး အပေါ် ထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ချိန်တွင် လူနာများအပြင် လူနာစောင့်များအားလုံး ကြောက်လန့်ကာ အောက်သို့ ဆင်းပြေးခဲ့ရကြောင်း လူနာသတင်းလာမေးသူတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာမှ စစ်တွေဆေးရုံကြီးသို့ လူနာသတင်း လာမေးသူ တစ်ဦးက “ခွဲစိပ်ခန်းကပေါက်တယ်လို့ ပြောပါတယ်။ လက်နဲ့ခိုက်မိသွားလို့ လဲကျသွားရာက ထပေါက်တယ်လို့ပြောပါတယ်။ လူတွေအားလုံး ဝရုန်းသုန်းကားဆင်းပြေးကြတယ်”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံအုပ် ဒေါက်တာထွန်းထွန်းဝင်းက အောက်ဆီဂျင် ဂတ်စ်အိုးပေါက်ကွဲခြင်းမှာ မဟုတ်မှန်ကြောင်း နိရဥ္စရာသတင်းဌာနသို့ ဖြေကြားသည်။

“ဂစ်အိုးပေါက်တာတော့မဟုတ်ပါဘူး။ ကျားခွဲစိပ်လူနာဆောင်မှာ ခေါင်းထိတဲ့လူနာတစ်ယောက်ကို အောက်ဆီဂျင်ပေးထားပါတယ်။ ပေးထားတဲ့အချိန်မှာ အဲဒီအောက်ဆီဂျင်ဘူးကို လူနာစောင့်က သွားခိုက်မိပြီး လဲသွားတာ။ လဲတဲ့အချိန်မှာ အောက်ဆီဂျင်ဘူးရဲ့အပေါ်မှာ တပ်ထားတဲ့ ပစ္စည်း လေးတွေ၊ အောက်ဆီးဂျင်ဖြတ်တဲ့ ပိုက်ပြုတ်ထွက်သွားပြီးတော့ အောက်ဆီဂျင် ထွက်တဲ့ အချိန်မှာ ရှူးရှူးရှူးနဲ့ အသံထွက်တော့ လူတွေက အကုန်လန့်ပြီးပြေးကြတာပါ”ဟု ဒေါက်တာ ထွန်းထွန်းဝင်းက ပြောသည်။

အောက်ဆီဂျင်ဂတ်စ်အိုးလဲသွားသည့် နေရာသို့ ၄င်းကိုယ်တိုင်သွားရောက်ခဲ့ပြီး ကိုယ်တိုင် စစ်ဆေး မှုများပြုလုပ်ကာ လူနာများကိုလည်း ဂစ်အိုးပေါက်ခြင်းမဟုတ်ဘဲ အောက်ဆီဂျင်အိုး ပိုက်ခေါင်း ပြုတ်သွားခြင်းသာဖြစ်သည်ဟု မှာကြားခဲ့ကြောင်း ဒေါက်တာ ထွန်းထွန်းဝင်းက ပြောသည်။

------------------------------

Unicode:










ဆက်စပ် သတင်းများ