စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အရေးနှင့်ပတ်သက်၍ စစ်တွေတွင် ရဟန်းရှင်လူ ၅ဝဝ ခန့် ဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်၍ ရဟန်းရှင်လူ ၅ဝဝ ခန့်သည် စစ်တွေတွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များက ဦးစီးပြီး ယနေ့ နေ့လယ် ၁ နာအချိန်တွင် စစ်တွေရှိ အတုလမာရဇိန်ဘုရားကြီးရင်ပြင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲဖြစ်ပွားနေသော နေရာများမှ ဒေသခံများ၊ ရဟန်းရှင်လူများနှင့် စစ်တွေမြို့ပေါ်ရှိ ရဟန်းရှင်လူများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့တက်ရောက်လာသော စစ်တွေမြို့ပေါ်ရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးက "ရခိုင်ပြည် တစ်နံတစ်လျားမှာ စစ်ပွဲတွေဖြစ်ပြီးတော့ လူထုတွေ ဒုက္ခရောက်နေတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အချက် ၈ ချက် ရှာဖွေပြီးတော့ ဆွေးနွေးပွဲလုပ်တယ်။ တကယ်တမ်း လက်တွေ့ မှာလည်း ပြည်သူလူထုတွေက ဒီအချက်တွေနဲ့ ဒုက္ခခံနေရတယ်။ ဒါကြောင့် ဒီအချက်တွေကို အုပ်ချုပ်သူတွေသိအောင်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေကို ကမ္ဘာကလည်းသိအောင် စုဝေးပြီးတော့ အခုလို လုပ်ရတာဖြစ်တယ်"ဟု ပြောသည်။

၄င်းဆွေးနွေးပွဲတွင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းကို မပြုလုပ်ရေး၊ လက်နက်ကြီး များဖြင့် ကျေးရွာများကို တိုက်ခိုက်ခြင်းကို မပြုလုပ်ရေး၊ ရွှေငွေစသော တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများ၏ ဆန်စပါးနှင့် အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကို မပြုလုပ်ရေး၊ ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်တားဆီးခြင်းကို ဖွင့်ပေးရေး၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှု အဖွဲ့အစည်းများကို လွတ်လပ်စွာကူညီခွင့်ပေးရေး၊ အင်တာနက်ဖြတ်တောက်ခြင်းကို ပြန်ဖွင့်ပေးရေး၊ သတင်းထောက်များ လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုပေးရေးနှင့် ထိခိုက်ဒဏ်ရာရ ပြည်သူများအား လွတ်လပ်စွာ ဆေးကုသခွင့်ပေးရေး စသည့် အချက် ၈ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးချက်ရလဒ်တစ်စုံတရာ ထွက်ပေါ်ခြင်းမရှိခဲ့သည့်အတွက် မတ်လ ၈ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်တွေရှိ အောင်မြေကုန်းဘုန်းတော်ကြီးကျောင်း၌ ထပ်မံအစည်းအဝေးပြုလုပ်သွားဦးမည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် လက်ရှိ ရခိုင်ပြည်တွင်ဖြစ်ပွားနေသောပြဿနာများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များအား အစိုးရက လိုက်လျောမှုမရှိပါက လမ်းပေါ်ထွက်ကာ ဆန္ဒပြသွားမည်ဟုလည်း သိရသည်။

----------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၇ / ၂ဝ၂ဝ












ဆက်စပ် သတင်းများ