ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်တွင် အပြန်အလှန် သေနတ်ပစ်ခတ်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ မေ ၃/ ၂ဝ၂ဝ (နိုင်ငံတကာ)

ဒီကနေ့ တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံပိုင်းခြားထားတဲ့ စစ်မဲ့ ဇုန် အတွင်း တောင်ကိုရီးယားဘက်သို့ သေနတ်အချက်ပေါင်း အမြောက်အများဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားတပ်ဘက်ကလည်း ပြန်လည် တုံ့ပြန် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ North and South Korea exchange gunfire at border: Seoul ခေါင်းစဉ်နဲ့ AFP က သတင်းဖော်ပြပါတယ်။

ဒီပတ်ခတ်မှုဟာ ကျန်းမာရေးနဲ့ ပတ်သက်၍ ထင်ကြေးများထွက်ပေါ်လာပြီးနောက် သုံးပတ်ခန့် လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအင် ပြန်လည် ထွက်ပေါ်လာပြီး တစ်ရက်အကြာမှာ ပေါ်ပေါက်လာတဲ့ ရှားရှားပါးပါး သေနတ်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပါတယ်။

ဒီလို ပစ်ခတ်တဲ့ အတွက် တောင်ကိုရီးယား အစောင့်တပ်ဖွဲ့ ကင်းစခန်းတစ်ခုကို မြောက်ကိုရီးယားက ပစ်လိုက်တဲ့ ကျည်ဆံတွေ ထိမှန်ခဲ့ပေမယ့် တောင်ကိုရီးယာဘက်က တစ်စုံတစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပူးတွဲတပ်ဖွဲ့ အကြီးအကဲများ the joint chiefs of staff (JCS) က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ အပြန်အလှန်ပစ်ခတ်မှု နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ပြီး သတ်မှတ်ချက်နဲ့ အညီ သတိပေးချက် တစ်ခု အနေနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်" ဟု ဆိုးလ်တာဝန်ရှိသူများ ကပြောကြားခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။

တောင်ကိုရီးယားအနေနဲ့ ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး လေ့လာသတ်မှတ်ရန် စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး Hotline မှ တဆင့် မြောက်ကိုရီးယားနဲ့ ဆက်သွယ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်မဲ့ဇုန် အမည်တပ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်ကို ကမ္ဘာမှာ အခိုင်ခံ့ဆုံးနေရာတစ်ခုအဖြစ် မိုင်းတွေ၊ သံစူးကြိုးဘာဝါယာတွေ အများအပြားနဲ့ အလျှံအပယ် တည်ဆောက်ထားပေမယ့် ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အဆုံးသတ်ပြီးနောက် တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံဟာ နည်းပညာပိုင်းအရ စစ်ဖြစ်နေဆဲဖြစ်ပါတယ်။

၎င်းတို့ရဲ့ နယ်စပ် စစ်ရေးတင်းမာမှုကို လျှော့ချရန်အတွက် ကင်မ်နဲ့ တောင်ကိုရီးယားသမ္မတမွန်းဂျီအင်းတို့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာမှာ ပြုံယမ်း၌ပြုလုပ်သောထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ခဲ့ပါသေးတယ်။

သို့ပေမယ့် သဘောတူညီချက် အများအပြားဟာ မြောက်ကိုရီးယားနိုင်ငံက ဆက်သွယ်ရေးကို ဖြတ်တောက်ထားတဲ့ အတွက် အသက်မဝင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

-----------------------


Unicode:




နိရဉ်စရာ၊ မေ ၃/ ၂ဝ၂ဝ (နိုငျငံတကာ)

















ဆက်စပ် သတင်းများ