- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတော ကျေးရွာ နှစ်ရွာကို မီးရှို့ခြင်းမရှိခဲ့ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ လိမ်လည် သတင်း ထုတ်ပြန်သည်။
၎င်းတို့၏ရေးသားဖော်ပြချက်များ
ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"အား စစ်ကောင်စီ
ခလရ (၂၇၀) တပ်ရင်းက တိုက်ပွဲတစုံတရာဖြစ်ပွားခြင်း
မရှိဘဲ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်တွင်
ကျေးရွာအတွင်း ဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျေးရွာသားများကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည်။
ရွာနှစ်ရွာတွင် ရဲရိုးပြင်ရွာအား စစ်သားများ မီးရှို့ခဲ့၍ အိမ်ခြေ ၁၃၀ ပျက်စီးဆုံးရှုံးခဲ့သည်ကို မဟုတ်ပါဟု စစ်ကောင်စီ သတင်းစာက လိမ်လည်ပင် လိမ်ဝံ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သတင်းအမှားများ ထုတ်ပြန်ခြင်းမှာ မြန်မာ့အလင်း သတင်းစာအနေဖြင့် အလွန်ရှက်စရာကောင်းပြီး လွန်စွာစိတ်ပျက်မိသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင်
ရဲရိုးပြင်ကျေးရွာကို မီးရှို့ပြီးနောက်
အနီးရှိ ခမောင်းတော ကျေးရွာကိုလည်း
ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က
စစ်ကောင်စီတပ်သားများက ဆက်လက်မီးရှို့ခဲ့သည်ဟု ဆိုသည်။
စစ်တပ်က
မီးရှို့၍ ရဲရိုးပြင်ရွာတွင် နေအိမ်
၁၃၀ ခန့် မီးလောင်ပြာကျပြီး ခမောင်းတောရွာတွင် အိမ် ၅ လုံး ပျက်စီး သွားသည်ဟု ရွာသားများက
ပြောကြားသည်။
လက်ရှိတွင်
ရဲရိုးပြင်အနီးတဝိုက်မှ ကျေးရွာများဖြစ်ကြသည့်
အောင်မြေကုန်း၊ အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်၊
ကန်ချောင်းစသည့်ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု
သိရသည်။ (NN-11)