ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်က သတင်းသမား ၂ ဦးအပါအဝင် လူငယ်အများအပြားထောင်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ ဧပြီ / ၂၀၂၂

 

ရှမ်းပြည်နယ်မှ သတင်းထောက် နှစ်ဦးအပါအဝင် လူငယ်အများအပြား ထောင်ချခံခဲ့ရကြောင်း သတင်းရရှိသည်။

 

ရွှေဖီမြေ သတင်းအေဂျင်စီ (SPM) အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင် (၂၁ နှစ်)ကို ဧပြီ ရက် နံနက်ပိုင်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် နှစ် ချမှတ်လိုက်ပြီး ရွှေတြိဂံသတင်းဌာနမှာ သတင်းရေးသားသူ  ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာနေထိုင်သည့် သတင်းထောက် ဦးခိုင်မြင့်ထွန်း ()ရွှေလင်းသစ်ကို စစ်ကောင်စီတရားရုံးက  ဧပြီ   ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု  ဧပြီလ ရက်က ရွှေဖီမြေသတင်းတွင် ဖော်ပြသည်။

 

၎င်းတို့ အပြင် တရားစွဲခံထားရသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)မှ ဝန်ထမ်း တစ်ဦးဖြစ်သူ မိုင်းအောင်သက်ဦးကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နှင့် ထောင်ဒဏ် နှစ် ချမှတ်လိုက်သည်ဟု ဆိုသည်။

 

၎င်းအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နှင့်  တရားစွဲခံထားရသည့် အမျိုးသမီးတစ်ဦးနှင့်  အမျိုးသားနှစ်ဦးလည်း ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့သည်ဟု သိရသည်။

 

ဧပြီ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တောင်ရိုး အထောက်အကူပြုအဖွဲ့ဝင် ကိုအောင်ဆန်းနှင့် မယမင်းဖွေး၊ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ ကိုအောင်မြင့်ထွန်းနှင့်  လူငယ်တစ်ဦးကို PDF တပ်ဖွဲ့နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ တောင်လေးလုံးအကျဉ်းထောင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း RFA သတင်းတွင် ဖော်ပြသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တွင်  ဖမ်းဆီးထားရသည့် သတင်းမီဒီယာသမား အမျိုးသား ယောက်နှင့်  အမျိုးသမီး ယောက်  စုစုပေါင်း ၁၀ ယောက်ရှိပြီး ၎င်းတို့ အထဲက ယောက်မှာ  ထောင်ဒဏ်အသီးသီးကျခံနေရပြီး နောကထပ် ယောက်မှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ