နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂၀၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှ ရပ်စဲလိုက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် (၅/၂၀၂၁)တွင် ဒုတိယဝန်ကြီးများအား တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြသည်။
တာဝန်မှရပ်စဲခံလိုက်ရသည့် ဒုတိယ ဝန်ကြီးများမှာ (၁) ဦးခင်မောင်တင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ (၂) ဦးမင်းလွင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ (၃) ဦးတင်မြင့် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ (၄) ဦးမောင်မောင်ဝင်း(စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ (၅) ဦးဆက်အောင် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ (၆) ဒေါက်တာမင်းရဲပိုင်ဟိန်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ (၇) ဦးဗရတ်ဆင်း (ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)၊ (၈) ဦးဟောက်ဒိုဆွမ်း (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)၊ (၉) ဦးအောင်လှထွန်း (ပြန်ကြားရေးဝန်ကြီးဌာန)၊ (၁၀) ဦးကြည်မင်း (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)၊ (၁၁) ဦးလှကျော် (စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ (၁၂) ဦးကျော်မျိုး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ (၁၃) ဦးသာဦး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ (၁၄) ဒေါက်တာရဲမြင့်ဆွေ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ (၁၅) ဒေါက်တာထွန်းနိုင် (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)၊ (၁၆) ဦးခင်မောင်ဝင်း (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)၊ (၁၇) ဦးအောင်ထူး (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ (၁၈) ဦးမြင့်ကြိုင် (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ (၁၉) ဦးဝင်းမော်ထွန်း (ပညာရေးဝန်ကြီးဌာန)၊ (၂ဝ) ဒေါက်တာမြလေးစိန် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)၊ (၂၁) ဦးကျော်လင်း (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ (၂၂) ဦးစိုးအောင် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ (၂၃) ဦးတင်လတ် (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)နှင့် (၂၄) ဦးလှမော်ဦး (တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)တို့ဖြစ်ကြသည်။