တနင်္လာ၊ ဇွန်လ ၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မလွတ်လာသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၁

အခြားတိုင်းနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးအချို့ လွတ်မြောက်လာကြပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှာ ယနေ့ညနေအထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ပြည်နယ် NLD ပြောခွင့်ရသူ ဦးစိုးလေးကပြောကြားသည်။

“ အခုနားကဘဲ ဆက်သွယ်ပါတယ်။ သူ့အိမ်က ကောင်လေးတစ်ယောက်ကို။ မလွတ်လာသေးဘူးလို့ ပြောပါတယ်။ ဖုန်းနဲ့ဆက်သွယ်လို့သိရတာပါ” ဟု ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်က နိရဥ္စရာက ဆက်သွယ်စဉ် ၎င်းက ပြောကြားသည်။

ဦးညီပုအား ဂွမြို့အခြေစိုက်အမှတ်(၅၆၂) တပ်ရင်းတွင် ထိန်းသိမ်းထားသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် NLD တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးမင်းအောင်ကလည်း ယနေ့ နေ့လယ်ပိုင်းက ဆက်သွယ်စဉ် ဝန်ကြီးချုပ် ဦးညီပုလွတ်မြောက်လာခြင်း မရှိသေးကြောင်း ပြောကြားသည်။

ဦးညီပုနှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ကျော်ဇံလည်း အတူ ထိန်းသိမ်းခံထားရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ