ရခိုင်အမျိုးသားပါတီ (ANP) မှ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီတွင် ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ရန်နှင့်လက်ခံခြင်းမပြုရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၄၇ ဖွဲ့မှ သဘောထားထုတ်ပြန်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈/၂၀၂၁
ရခိုင်အမျိုးသားပါတီ (ANP) မှ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီတွင် ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်ခံခြင်းမပြုရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၄၇ ဖွဲ့မှ ဖေဖော်ဝါရီ ၇ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။
၎င်းအဖွဲ့အစည်း ၄၇ ဖွဲ့၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။